ပုလော နန်းပရုပ်ရွာအနီး တိုက်ပွဲဖြစ်
Dawei Watch
May 31, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီး မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ နန်းပရုပ်ရွာအနီး ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းတို့ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ပုလော မြို့နယ် […]