မြိတ်မြို့၊ ကန်တော်မင်္ဂလာတွင် တည်ဆောက်မည့် ရေပေါ်ဆိုလာ လျှပ်စစ်စီမံကိန်းကို မလုပ်ရန် ပကဖသတိပေး
Dawei Watch
August 12, 2024မြိတ်မြို့ ကျက်သရေဆောင်တစ်ခုဖြစ်သည့် ကန်တော်မင်္ဂလာ(ရေကန်ဘောင်) တွင် စစ်ကောင်စီက ရေပေါ်ဆိုလာလျှပ်စစ်စီမံကိန်းကို အကောင်အထည် မဖော်ရန် မြိတ်ပကဖအဖွဲ့က သတိပေးတားမြစ်ချက် ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်လိုက်သည်။ ထိုမင်္ဂလာကန်တော်မှာ မြိတ်မြို ကန်ကြီးနယ်မြေ ကန်ကြီးရပ်ကွက်တွင်တည်ရှိပြီး ၂၁ ဧက ကျော်ကျယ်ဝန်းသည်။ စစ်ကောင်စီသည် အဆိုပါရေကန်ပေါ်တွင် ဆိုလာအချပ်ရေ ၇၄၈၈ ချပ်တပ်ဆင်ပြီး ၄ ဒသမ ၀၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် လျှပ်စစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနက ဩဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကန်အကျယ်အဝန်း၏ သုံးပုံတစ်ပုံပမာဏနှင့်ညီမျှသော ၇ ဧကကျော်ကို စီမံကိန်းအတွက် အသုံးပြုမည်ဟုလည်း ဆိုထားသည်။ ကန်တော်မင်္ဂလာသည် ရှေ့ဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာပြီး သမိုင်းဝင်ကန်ဖြစ်ကြောင်း၊ မြို့နေပြည်သူများ၏ အပန်းဖြေနေရာအဖြစ် သတ်မှတ်ထားသည့် နေရာလည်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် […]


