တနင်္သာရီ တကူကျေးရွာတိုက်နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ
Dawei Watch
June 13, 2024တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့(ဇွန် ၁၃) ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်အတွက် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာမီးသတ်အနီး၊ ပြည်အေးရွာနှင့် ခြောက်အိမ်စုရွာများအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်အေးရွာက အမျိုးသားတစ်ဦး ဒဏ်ရာရသွားပြီး ယင်းရွာရှိနေအိမ်တစ်လုံးနှင့် သံတိုက်ရွာ မီးသတ်ရုံဘေးရှိ အဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးသွားကြောင်း တကူရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြည်အေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုချမ်းစိုး၏ ခါးတစ်ဝိုက်ကို ဗုံးစထိမှန်ကာ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာကတော့ သိပ်မပြင်းထန်ဘူးပေါ့။ ဗုံးကြဲတာကိုရှောင်ရင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်” ဟု […]


