BREAKING
May 4, 2025

မြိတ်

ကျောင်းနိမ့်ရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 27, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၅ ရက်နေ့ ညနေတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးရဲဝင်းဆိုသူ သေဆုံးခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးအစ ရင်ဘတ်ကို မှန်ပြီး ထိုင်လျက် သေနေတာ။ သေနေမှန်းကို အိမ်နားနီးချင်းတွေ ရုတ်တရက် မသိကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးရဲဝင်း၏ မိသားစုမှာ ပလမြို့တွင် ခေတ္တနေထိုင်ဆေးကုနေကြပြီး ၎င်းတစ်ဦးတည်း ရွာသို့ ပြန်လာနေထိုင်ချိန် သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဇွန်လ ၂၅ ရက် နံနက်ကမူ […]

ပဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

Dawei Watch

June 27, 2023

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က မနေ့(ဇွန်လ ၂၆) နံနက် ၁၀ နာရီခန့်တွင်တစ်ကြိမ် နေ့လယ် ၂ နာရီတွင် တစ်ကြိမ် ည ၈နာရီတွင်တစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “လူတွေအိမ်တွေ ထိခိုက်တာတော့ မကြားရသေးဘူး။ မြစ်ထဲချောင်းထဲပဲ ကျနေတယ်။ ရွာသားတွေကတော့ စိုးရိမ်နေတာပေါ့”ဟု ပဝဒေသခံ အမျိုးသား ကပြောသည်။ ပဝကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားသည့်နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ဆက်နွယ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် ခဲများတင်လာသော ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၂၄ ရက်နေ့က ထိန်းသိမ်းကာ စစ်ဆေးနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်နေခြင်းမှာ […]

မြိတ်တွင် နေ့ခင်းကြောင်တောင် စားအုန်းဆီပုံးလုယက်မှုအပါအဝင် လုယက်မှုဆက်တိုက်ဖြစ်လာ

Dawei Watch

June 26, 2023

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း နေ့ခင်းကြောင်တောင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း မြို့ခံအချို့က ပြောသည်။ ဇွန်လ ၂၁ရက်က နောက်လယ်ရပ်ကွက်တွင် ဘေးတွဲယာဉ်တစ်စီးပေါ်မှ စားအုန်းဆီပုံး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ဆိုသည်။ အဆိုပါ ဘေးတွဲယာဉ်သည် ဆန်အပါအဝင် ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါတို့အား တင်ဆောင်လာစဉ် လူငယ်နှစ်ဦးက ဆိုက်ကယ်ဖြင့် လာရောက်ပြီး စားအုန်းဆီပုံးအား လုယက်ကြောင်း နောက်လယ်ရပ်နေသူအချို့က ပြောဆိုသည်။ “လုတာက လုတာနဲ့မတူဘူး။ လူမြင်ကွင်းမှာပဲ ဆိုင်ကယ်ပေါ်က အေးဆေးဆင်းလာပြီး ဆီပုံး လာမသွားတာ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။ အဆိုပါ ဆီပုံးလုယက်သူတို့ထံမှ ဘေးတွဲပေါ်ပါ လူငယ်နှစ်ဦးက ဆီပုံးအားပြန်လုရင်း ခိုက်ရန်အနည်းငယ်ဖြစ်ခဲ့ပြီး အနီးအနားနေသူတို့ ရောက်ရှိလာရာမှ လုယက်သူနှစ်ဦး ဆိုက်ယယ်ဖြင့် မောင်းထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။ ယင်းနေ့တွင်ပင် မြိတ်ကမ်းနားလမ်းတွင် […]

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် အိမ်အနီးရှိ စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ

Dawei Watch

June 25, 2023

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် ပုလောမြို့၊ မကျည်းကုန်းရွာရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်က မင်္ဂလာဆောင်နေသည့်အိမ်နှင့် ကပ်လျက်ရှိသည့် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရသည်ဟု ဒေသခံများ ကပြောသည်။ “နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်လောက်တော့ ရှိမယ်။ (၂၈၅)တပ်ထဲကလည်း အော်တိုတွေနဲ့ ပြန်ပစ်ကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။ မင်္ဂလာဆောင်သည့် အမျိုးသားသည် ၂၈၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးဟုသိရပြီး အမျိုးသမီးမှာ တပ်ရင်းအနီးနေထိုင်သည့် မကျည်းကုန်းရွာသူဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ “ထိခိုက်မှုက ရှိချင်လည်းရှိနိုင်တယ်။ အရပ်ထဲမှာတော့ ပြောတာမကြားရသေးဘူး” ဟုဒေသခံနောက်တစ်ဦး ကပြောသည်။ မကျည်းကုန်းရွာသည် ပုလောမြို့နှင့် အနီးဆုံးရွာဖြစ်ပြီး စစ်ဆေးရေဂိတ်အနီးတွင် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းရှိသည်။ ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နံနက်ကလည်း အလယ်တန်းကျောင်းအုပ် NON  […]

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာ

Dawei Watch

June 24, 2023

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဇွန်လ ၂၂ ရက်ညနေက ခေါ်ဆောင်သွားပြီး ယနေ့ (ဇွန် ၂၄) နံနက်တွင် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒေသခံများ ကပြောသည်။ “အယောက်သုံးဆယ်နီးပါးစလုံး အကုန်လုံးပြန်လွတ်လာကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ခေါ်ဆောင်ခြင်း ခံရသူများမှာ မင်းထိန်ရွာမှ အမျိုးသား ၅ ဦးနှင့် မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်း ရော်ဘာခြံများတွင် တဲထိုးနေထိုင်ကြသည့် အလုပ်သမားများနှင့် လယ်သမားများပါဝင်သည်။ “သူတို့ကို ဘယ်နေရာကိုခေါ်သွားပြီး ဘာတွေလုပ်ခိုင်းတယ်ဆိုတာတော့ သေသေချာချာ မမေးရသေးဘူး။ သိရသလောက်တော့ ဒီအနီးအနားဂွင်မှာပဲ နေပြီးပြန်လွှတ်လိုက်တယ်လို့ သိရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာတွင် ဒေသခံများကို ခေါ်ဆောင်ပြီး လမ်းပြလုပ်ခိုင်းသလို လူသားဒိုင်းအဖြစ်လည်း အသုံးချလေ့ရှိကြောင်း ဒေသခံများ […]

ပုလောဒေသခံ ၂၀ကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်း ခေါ်ဆောင်သွားပြီး ငါးဦးသာပြန်လွှတ်

Dawei Watch

June 23, 2023

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလောဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ခေါ်ဆောင်သွားပြီး ငါးဦးသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းထိန်ကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လမ်းတွင်တွေ့ရှိသည့် အမျိုးသားငါးဦးကို ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အဆိုပါစစ်ကြောင်းသည် မင်းထိန်နှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်းမှ အမျိုးသား၊ အမျိုးသမီး ၁၈ ဦးကိုလည်း ထပ်မံခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ အုန်းတောကမ်းသည် ဒေသခံများ ရော်ဘာစိုက်ကြသည့်နေရာကို ခေါ်ဆိုခြင်းပြီး ပဝတ်ကုန်းရွာအနီး တည်ရှိသည်။ “ရော်ဘာခြစ်နေတဲ့သူတွေ၊ လယ်လုပ်နေတဲ့သူတွေ အကုန်ခေါ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရော်ဘာခြစ်သည့် အလုပ်သမားများမှာ ယခင်ကတည်းက ရော်ဘာတောအတွင်း တဲထိုးကာ လုပ်ကိုင်နေသူများ ဖြစ်ကြောင်း […]

ပုလော နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

Dawei Watch

June 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က စစ်ကြောင်း သုံးကြောင်း ထိုးကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်တပ်နှင့် အနီးကပ်ထိတွေ့တိုက်ပွဲပြီး ဇွန်လ ၂၁ ရက် ည ၇နာရီအထိ အပြင်းအထန် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအကြိမ်ရေ ရာနှင့်ချီပစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး အလောင်းတစ်လောင်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလည်း […]

တိုက်ပွဲကြောင့် နှစ်ရက်ဆက်တိုက်ပိတ်မိနေသည့် ကားများသွားခွင့်ရ

Dawei Watch

June 22, 2023

ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နှစ်ရက်တိတိပိတ်မိနေသည့် ကားများသွားခွင့်ရပြီဖြစ်ကြောင်း ခရီးသည်များနှင့် ကားသမားများထံမှသိရသည်။ ယင်းမြို့နယ်ရှိ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစပြီး ၂၁ ရက်နေ့ ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ခဲ့သည့် ပဝတ်ကုန်းရွာသည် ပလမြို့နှင့် ပုလောမြို့ကြားတွင်တည်ရှိပြီး မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။ တိုက်ပွဲဖြစ်နေသည့်အတွက် မြိတ်မြို့မှ ရန်ကုန်သို့ သွားသည့်ကားများ ပလမြို့တွင်ပိတ်မိနေခဲ့ပြီး ရန်ကုန်မှမြိတ်သို့ လာသည့် ကားများမှာ ပုလောမြို့အဝင်တွင် ပိတ်မိနေခဲ့ကြောင်း ကားသမားများ ကပြောသည်။ထိုသို့ ပိတ်မိနေသည့်ကားအစီးရေမှာ ရာချီရှိခဲ့သည်။ ယင်းနောက် ပစ်ခတ်မှုရပ်သွားသဖြင့် ယနေ့နံနက်တွင် ကားများသွားလာခွင့်ရပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီမနက်ပဲ ရန်ကုန်တက်တဲ့ကားရော မြိတ်ဆင်းတဲ့ကားပါ အားလုံးသွားခွင့်ရသွားပြီ။တစ်ချို့ကားတွေဆို ပြန်ရောက်နေကြပြီ။နှစ်ရက်တိတိ ပိတ်မိသွားတာပေါ့”ဟု မြိတ်မြို့ရှိ ခရီးသည်တင်ယာဥ်လိုင်းတစ်ခု၏ […]