ပုလောတွင် လက်နက်ကြီးဖြင့် ပစ်ခံရ၍ ငါးဖမ်းလှေငယ်နှစ်စီးပျက်စီး
Dawei Watch
July 5, 2023မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ငါးဖမ်းလှေငယ်နှစ်စီး ပျက်စီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ တိုကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဇူလိုင်လ ၃ ရက်နေ့ ညဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြဒေါင်ရွာချောင်းအတွင်းရှိ ဒေသခံနှစ်ဦး၏ ငါးဖမ်းလှေငယ်နှစ်စီးအား ထိမှန်ကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “မဒေါင်ကမ်းနားလာကျတာ တစ်စီးက လှေဦးခေါင်းပွင့်ထွက်သွားပြီး သုံးလို့မရတော့ဘူး။ နောက်တစ်စီးက ပြန်ပြင်လို့ရသေးတယ်”ဟု ဒေသခံအမျိုးသမီးကပြောသည်။ ယင်းညက လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး လှေထဲတွင် လူမရှိသည့်အတွက် လူထိခိုက်မှုတစ်စုံတရာ မရှိကြောင်း ဒေသခံများကပြောသည်။ ပျက်စီးသွားသည့် လှေငယ်နှစ်စီးမှာ လေးလံခွဲငါးလံအရွယ်အစားရှိပြီး ကာလပေါက်ဈေး တစ်စီးလျှင် ကျပ်သိန်းလေးဆယ်ဝန်းကျင်ရှိသည်ဟု ဒေသခံများ ကဆိုသည်။ “ခေါင်းပိုင်းတစ်ခုလုံး ပွက်ထွက်သွားတယ်ဆိုတော့ ပြန်ပြင်ရဖို့က မလွယ်ဘူး။ သစ်တွေကလည်း ဈေးကြီးပြီး ဝယ်ရပင်ပန်းတယ်ဆိုတော့ မလွယ်ဘူး”ဟု ဒေသခံအမျိုးသား […]