ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာ

Dawei Watch

June 24, 2023

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဇွန်လ ၂၂ ရက်ညနေက ခေါ်ဆောင်သွားပြီး ယနေ့ (ဇွန် ၂၄) နံနက်တွင် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒေသခံများ ကပြောသည်။ “အယောက်သုံးဆယ်နီးပါးစလုံး အကုန်လုံးပြန်လွတ်လာကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ခေါ်ဆောင်ခြင်း ခံရသူများမှာ မင်းထိန်ရွာမှ အမျိုးသား ၅ ဦးနှင့် မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်း ရော်ဘာခြံများတွင် တဲထိုးနေထိုင်ကြသည့် အလုပ်သမားများနှင့် လယ်သမားများပါဝင်သည်။ “သူတို့ကို ဘယ်နေရာကိုခေါ်သွားပြီး ဘာတွေလုပ်ခိုင်းတယ်ဆိုတာတော့ သေသေချာချာ မမေးရသေးဘူး။ သိရသလောက်တော့ ဒီအနီးအနားဂွင်မှာပဲ နေပြီးပြန်လွှတ်လိုက်တယ်လို့ သိရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာတွင် ဒေသခံများကို ခေါ်ဆောင်ပြီး လမ်းပြလုပ်ခိုင်းသလို လူသားဒိုင်းအဖြစ်လည်း အသုံးချလေ့ရှိကြောင်း ဒေသခံများ […]

ပုလောဒေသခံ ၂၀ကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်း ခေါ်ဆောင်သွားပြီး ငါးဦးသာပြန်လွှတ်

Dawei Watch

June 23, 2023

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလောဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ခေါ်ဆောင်သွားပြီး ငါးဦးသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းထိန်ကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လမ်းတွင်တွေ့ရှိသည့် အမျိုးသားငါးဦးကို ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အဆိုပါစစ်ကြောင်းသည် မင်းထိန်နှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်းမှ အမျိုးသား၊ အမျိုးသမီး ၁၈ ဦးကိုလည်း ထပ်မံခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ အုန်းတောကမ်းသည် ဒေသခံများ ရော်ဘာစိုက်ကြသည့်နေရာကို ခေါ်ဆိုခြင်းပြီး ပဝတ်ကုန်းရွာအနီး တည်ရှိသည်။ “ရော်ဘာခြစ်နေတဲ့သူတွေ၊ လယ်လုပ်နေတဲ့သူတွေ အကုန်ခေါ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရော်ဘာခြစ်သည့် အလုပ်သမားများမှာ ယခင်ကတည်းက ရော်ဘာတောအတွင်း တဲထိုးကာ လုပ်ကိုင်နေသူများ ဖြစ်ကြောင်း […]

ပုလော နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

Dawei Watch

June 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က စစ်ကြောင်း သုံးကြောင်း ထိုးကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်တပ်နှင့် အနီးကပ်ထိတွေ့တိုက်ပွဲပြီး ဇွန်လ ၂၁ ရက် ည ၇နာရီအထိ အပြင်းအထန် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအကြိမ်ရေ ရာနှင့်ချီပစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး အလောင်းတစ်လောင်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလည်း […]

တိုက်ပွဲကြောင့် နှစ်ရက်ဆက်တိုက်ပိတ်မိနေသည့် ကားများသွားခွင့်ရ

Dawei Watch

June 22, 2023

ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နှစ်ရက်တိတိပိတ်မိနေသည့် ကားများသွားခွင့်ရပြီဖြစ်ကြောင်း ခရီးသည်များနှင့် ကားသမားများထံမှသိရသည်။ ယင်းမြို့နယ်ရှိ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစပြီး ၂၁ ရက်နေ့ ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ခဲ့သည့် ပဝတ်ကုန်းရွာသည် ပလမြို့နှင့် ပုလောမြို့ကြားတွင်တည်ရှိပြီး မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။ တိုက်ပွဲဖြစ်နေသည့်အတွက် မြိတ်မြို့မှ ရန်ကုန်သို့ သွားသည့်ကားများ ပလမြို့တွင်ပိတ်မိနေခဲ့ပြီး ရန်ကုန်မှမြိတ်သို့ လာသည့် ကားများမှာ ပုလောမြို့အဝင်တွင် ပိတ်မိနေခဲ့ကြောင်း ကားသမားများ ကပြောသည်။ထိုသို့ ပိတ်မိနေသည့်ကားအစီးရေမှာ ရာချီရှိခဲ့သည်။ ယင်းနောက် ပစ်ခတ်မှုရပ်သွားသဖြင့် ယနေ့နံနက်တွင် ကားများသွားလာခွင့်ရပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီမနက်ပဲ ရန်ကုန်တက်တဲ့ကားရော မြိတ်ဆင်းတဲ့ကားပါ အားလုံးသွားခွင့်ရသွားပြီ။တစ်ချို့ကားတွေဆို ပြန်ရောက်နေကြပြီ။နှစ်ရက်တိတိ ပိတ်မိသွားတာပေါ့”ဟု မြိတ်မြို့ရှိ ခရီးသည်တင်ယာဥ်လိုင်းတစ်ခု၏ […]

ပုလော၊ ပဝတ်ကုန်းရွာတွင်တိုက်ပွဲပြင်းထန်ပြီး ခရီးသည်တင်ကားများပိတ်မိ

Dawei Watch

June 20, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၂ဝရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများမှာ ပုလောမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။ “တိုက်ပွဲက တော်တော်ကြမ်းနေတယ်ကြားရတယ်။ ကားတွေလည်း အကုန်ပိတ်မိပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတယ်ပဲ အော်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယခု ညနေ ၃ နာရီခွဲအချိန်တွင် မေးမြန်းမှုအရ ပဝတ်ကုန်းရွာဖက်မှ ပစ်ခတ်မှု နည်းသွားပြီး နန်းတောင်ကျေးရွာဖက်သို့မူ ပုလော (၂၈၅) တပ်ရင်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “သဲကြီးမဲကြီး ပစ်နေတုန်းပဲ။ ကျန်တာ မသိရသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ပဝတ်ကုန်းရွာမှာ […]

မြိတ်တွင် ချိပ်ပိတ်ထားသည့်နေအိမ်ရှေ့၌ ဈေးမရောင်းရန် သတိပေးခံရ

Dawei Watch

June 19, 2023

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက် ပေ ၆၀ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားသည့် နေအိမ်ရှေ့တွင် ဈေးမရောင်းချရန် သတိပေးခံရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ အဆိုပါနေအိမ်ရှေ့ မျက်နှာစာတွင် ဒူးရင်းသီးများ လာရောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား ‌ဈေးမရောင်းချရန် ဇွန်လ ၁၇ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီဘက်က တာဝန်ရှိသူတို့ အရပ်ဝတ်ဖြင့် လာရောက် သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကားနဲ့လာပြီး ဖယ်ခိုင်းသွားတာ။ ဒူးရင်းသီးရှင်က ဒီနားတဝိုက်က မဟုတ်ဘူး။ ရွာဘက်ကနေ လာရောင်းတာ ထင်တယ်။ ဒူးရင်းသီးတွေက အပုံလိုက်ကြီးနဲ့ ရောင်းနေတာ” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါနေအိမ်ရှေ့တွင် ဒူးရင်းသီးများ ရောင်း‌ချနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေအိမ်မှာ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် […]

တနင်္သာရီတွင် သုံးရက်မြောက်တိုက်ပွဲဆက်ဖြစ်

Dawei Watch

June 19, 2023

မြိတ်ခရိုင်တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်‌‌ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့ဆိုလျှင် သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊သမီးလှရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယနေ့ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများ ထံမှသိရသည်။ “ဒီနေ့လည်း နံနက် ၈ နာရီလောက်မှာ တစ်ကြိမ်ဖြစ်သေးတယ်။ အသေအပျောက်တော့ မကြားရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယနေ့နေ့လယ်တွင်လည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွား​နေပြီး ဗောဓိကမ်းကျေးရွာစစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟုဒေသခံများ ကပြောသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လင်ရွာဒေသခံအမျိုးသမီးကြီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကဆိုသည်။ ဇွန်လ ၁၇ ရက်နေ့ သမီးလှအရှေ့ရွာအနီးတွင် ၆ […]

တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

Dawei Watch

June 18, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံများ ထံမှသိရသည်။ ဇွန်လ ၁၇ ရက် (မနေ့)နေ့က ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၉ နာရီဝန်းကျင်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။ ညောင်ပင်ကွင်းရွာအခြေစိုက် အင်အားရှစ်ဆယ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်း ၅၆၁ က ဇွန်လ ၁၇ ရက်နေ့တွင် ဘန်လောရွာနှင့် သမီးလှရွာဘက်သို့ စစ်ကြောင်းထိုး ဝင်လာပြီးနောက် သမီးလှရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မနေ့ကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကပြောသည်။ “ရဲဘော်တစ်ယောက်က ပါးစပ်မှာထိတယ်။ အရပ်သားက ဗိုက်မှာရှပ်ထိတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ကာကွယ်ရေးတပ်နှင့် နီးစပ်သူကပြောသည်။ သမီးလှအရှေ့ရွာ တိုက်ပွဲမှာ ၆ နာရီခန့်ကြာမြင့်ခဲ့ပြီး […]