လယ်ယာမြေကို အိမ်ရာမြေကွက် မရိုက်ရန် တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများရှိနေဆဲ
Dawei Watch
June 12, 2023မြိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေတို့ကို အိမ်ရာမြေကွက်များရိုက်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့မှ သိရသည်။ လယ်ယာမြေတို့ကို အခြားနည်း အသုံးပြုခွင့်မရှိဘဲ အိမ်ရာမြေကွက်များရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်နှင့် အဆောက်အအုံဆောက်လုပ်ခြင်း မပြုလုပ်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတိပေးထားမြစ်ထားသည်။ ယင်းသတိပေးတားမြစ်ချက်အား ဗီနိုင်းပြားတို့ဖြင့် ရပ်ကွက်အချို့တို့တွင် ပြီးခဲ့သည့် မေလကုန်ခန့်မှစပြီး လိုက်လံ စိုက်ထူထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လယ်ယာမြေတွေကို အိမ်ရာကွက်တွေ မဖော်ရဘူးဆိုပြီး တားမြစ်ထားတာ တွေ့မိတယ်” ဟု ရှမ်းချောင်းကြီးရွာနေသူ တစ်ဦးက ပြောသည်။ သို့သော် မြေပြင်တွင် လက်ရှိအချိန်အထိ အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “ချောင်းကူးငယ်ဘက်မှာဆို အခုထိရောင်းနေကြတုန်းပဲ။ လူတွေလည်းဝယ်ပြီး အိမ်ဆောက်နေကြတာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ” ဟု ယင်းရွာနေသူတစ်ဦးက ပြောသည်။ မြို့အပြင်ဘက်ကျသည့် […]


