ပုလော ပြည်ထောင်စုလမ်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ယာဉ်မောင်းတစ်ဦးသေဆုံး
Dawei Watch
June 17, 2023ပုလောမြို့နယ် ပြည်ထောင်စုလမ်းပေါ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကျောက်တင်ကား မောင်းသူတစ်ဦး သေဆုံးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့က ပဝတ်ကုန်းကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးနေကြောင်း ရေးသားထားသည်။ ယင်းသို့စစ်ဆေးနေချိန် ခရီးသည်တင်ကားများနှင့် ရောနှောလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့များက စတင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ကျောက်တင်ကားမောင်းလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ မည်သည့်ဘက်က ပစ်ခတ်သည့်ကျည်ကြောင့် သေဆုံးသည်ကို အတည်မပြုနိုင်သေးသော်လည်း အရပ်သားသေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ရေးသားထားသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကိုလည်း မသိရသေးကြောင်းလည်း ဆိုသည်။ တော်လှန်ရေးတပ်များက လုံခြုံရေးအရစစ်ဆေးဆောင်ရွက်မှုကို ခရီးသည်ကားများအနေဖြင့် ကြည်ဖြူစွာ စစ်ဆေးခံပြီး ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ […]


