မြိတ်တွင် ကုရ်ဘာနီအိဒ်ပွဲတော်လုပ်သည့် မြို့ခံအချို့ ခေါ်ယူစစ်ဆေးခံရ
Dawei Watch
June 29, 2023မြိတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်ပွဲတော်နေ့တစ်ခုဖြစ်သည့် ကုရ်ဘာနီ ပြုလုပ်သူ အချို့ခေါ်ယူစစ်ဆေးခံရကြောင်း မြို့ခံများ ထံမှသိရသည်။ ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် အိဒ်ပွဲတော်အတွက် ကုရ်ဘာနီပြုလုပ်ရာတွင် မြိတ်မြို့၊စျေးတန်းရပ်၊ ပန်စရာရပ်နှင့် ပါရမီရပ်ကွက်ရှိ ကုရ်ဘာနီပြုလုပ်သူတချို့အား စစ်ကောင်စီတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့သည်ဟု မြို့ခံများ ကပြောသည်။ “ဗလီတွေမှာ နေရာကျဥ်းပြီး နွားအကောင်ရေကများတော့ တချို့က အိမ်တွေကိုဆွဲပြီး သတ်ခဲ့တယ်။ အဲဒါကြောင့် လာခေါ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရတယ်”ဟု အစ္စလာမ်ဘာသာဝင် မြို့ခံအမျိုးသား ကပြောသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက ဗလီဆရာများကို အိဒ်နေ့မတိုင်မီက အစည်းအဝေးခေါ်ယူခဲ့ပြီး ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို ပြုလုပ်မည့်ရက် ပြုလုပ်ရမည့်နေရာကို တိတိကျကျ သတ်မှတ်ပေးထားပြီး ယင်းအတိုင်း ဆောင်ရွက်ခြင်းမရှိလျှင် အရေးယူခံရမည်ဟု ပြောဆိုခဲ့ကြောင်း မြို့ခံဗလီဆရာတစ်ဦးက ရှင်းပြသည်။ “ကျွန်တော်တို့က အဲဒီစည်းကမ်းချက်တွေကို အိဒ်နေ့မတိုင်မီကတည်းက ဗလီမှာလည်း […]


