ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို KNU တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

Dawei Watch

July 4, 2023

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မိဘပြည်သူများကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို Dawei Watch ၏ ဆက်သွယ် မေးမြန်းမှုကိုလည်း လတ်တလောတွင် ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF ကို KNU/KNDO တပ်၏ ဗိုလ်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ရှိ အဖူးစောကပေါ့ ခေါ် ဗိုလ်ခေါင်းဖြူက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းပြီးနောက် ပုလောဒေသအတွင်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် […]

မြိတ်ရေကန်ဘောင်တွင် ချိန်းတွေ့သည့်သမီးရည်းစား ဖုန်းလုယက်ဓားထိုးခံရ၊ အမျိုးသားဖြစ်သူသေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဖုန်းလုယက်ခံရပြီး ဓားဖြင့်လည်း အထိုးခံရသဖြင့် အမျိုးသားဖြစ်သူ သေဆုံးကြောင်း ယင်းရေကန်ဘောင်အနီး နေထိုင်သူတို့က ပြောသည်။ ချိန်းတွေ့နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲထံသို့ လူငယ်အမျိုးသားလေးဦးခန့် ရောက်ရှိလာပြီး ဖုန်းနှင့် ပါလာသည့် တန်ဖိုးရှိအစ္စည်းများပေးရန် ဓားဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။ “‌ကောင်လေးက ပြန်ခုခံလို့ အထိုးခံလိုက်တာလို့ ကြားရတယ်” ဟု ရေကန်ဘောင်အနီးနေသူတစ်ဦးက ပြောဆိုသည်။ ဓားဖြင့် ဆယ်ချက်ကျော် အထိုးခံလိုက်ရသဖြင့် ဆေးရုံသွားသည့် လမ်းခရီးတွင်ပင် သေဆုံးသွားကြောင်းနာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ ရေကန်ဘောင်ပတ်လမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ ရှိကြပြီး […]

တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

Dawei Watch

July 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) […]

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးပုလောမြို့ အမည်ကိုအသုံးပြုကာ အကောင့်အတုဖြင့် ငွေအလှူခံ

Dawei Watch

July 3, 2023

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့အမည်ကို အသုံးပြုပီး အကောင့်အတုဖြင့် ငွေကြေး အလှူခံနေသည်ကို တွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်သည်။ လူတစ်စုက BMK – ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ဖြင့် လူမှုကွန်ရက်တွင် အလှူခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းစာမျက်နှာတွင် ‘ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့’ တရားဝင်စာမျက်နှာတွင် တင်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ကူးယူဖော်ပြပြီး ဒဏ်ရာရစစ်သည်ပုံများကိုလည်း အလွဲသုံးစားလုပ်ကာ အလှူခံနေ ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားသည်။ အလှူခံသည့်အပြင် သတင်းမှားများကိုလည်း ဖြန့်ချီနေသည်ကိုတွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်မိုးကြိုးအဖွဲ့သည် ဒဏ်ရာရ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အလှူခံခြင်း ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ခြင်း […]

တနင်္သာရီလမ်းပိုင်းကို လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်ကြောင်း ပကဖထုတ်ပြန်

Dawei Watch

July 1, 2023

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်းမပြုရန် တားမြစ်ထားပြီး လက်ရှိတွင် လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လက်နက်လူအင်အား ဖြည့်တင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးအင်အားစုများဘက်ကလည်း လိုအပ်သည်များကို ပြင်ဆင်ထားကြောင်းဆိုသည်။ ယင်းနောက် နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်လာနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းနေရာများ၊ တနင်္သာရီ-ညောင်ပင်ကွင်း လမ်းပိုင်းနေရာများတွင် အထူးသတိပြုသွားလာရန် လိုအပ်ကြောင်း ဖော်ပြသည်။ ယင်းအပြင် တနင်္သာရီမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ယာဉ်တန်းများ အနီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် ကားများမှန်ချမောင်းနှင်ရန်လည်း အသိပေးထားသည်။ “အရင်က စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းထိုးရင် ခုနစ်ဆယ်၊ ရှစ်ဆယ်ပဲသုံးတယ်။ အခုက စစ်ကြောင်း တစ်ကြောင်းမှာ နှစ်ရာလောက် အသုံးပြုလာတာကို […]

ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရ

Dawei Watch

June 30, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ဘန်းလမွှတ်ရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် တစ်နာရီခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသခံများ ကပြောသည်။ “ဘုန်းကြီးကျောင်းနားက အိမ်နှစ်ဆောင်အပါအဝင် သုံးဆောင်ရှို့ခံရတယ်လို့သိရတယ်။ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ရှို့သွားတယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ ဦးမြင့်အောင်၊ ဦးဟိန်းကိုနှင့် ဦးတင်လှ တို့၏ နေအိမ်များဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ တိုက်ပွဲနှင့် ဖမ်းဆီးခံရမှုများကြောင့် မီးရှို့ခံရသည့် နေအိမ်သုံးဆောင်အပါအဝင် တစ်ရွာလုံးနီးပါးရှိ နေအိမ်အများစုတွင် လူနေထိုင်မှုမရှိတော့ကြောင်း ဒေသခံများ ကပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသော်လည်း စစ်ကောင်စီတပ်မှ ညနေ ၃ နာရီဝန်းကျင်အထိ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ […]

လက်နက်ကြီး ပစ်ခတ်နေသဖြင့် ပဝနှင့်သရဖုံရွာဒေသခံများ တိမ်းရှောင်နေရ

Dawei Watch

June 30, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် သရဖုံကျေးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ယင်းကျေးရွာများဘက်သို့ ဇွန်လ ၂၆ ရက်မှစကာ ယနေ့ (ဇွန် ၃၀)အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများ ကပြောသည်။ “နေ့တိုင်းတော့မပစ်ဘူး။ တစ်ရက်ပစ်လိုက် နားလိုက် လုပ်နေတယ်။ ရွာထဲလာကျတော့ လူတွေလည်း မနေရဲကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးကြောင့် လတ်တလော လူနှင့်နေအိမ်များထိခိုက်မှု မရှိသေးဟု ဒေသခံများကဆိုသည်။ ယင်းကြောင့် ဒေသခံများမှာ မြိတ်မြို့အပါအဝင် နီးစပ်ရွာကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသလို ကျန်ဒေသခံအများစုသည်လည်း ဘေးလွတ်ရာ တောတောင်အတွင်း တဲထိုးကာ အဆင်ပြေသလို နေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။ “တာလပတ်မိုးပြီးနေတဲ့သူတွေ တောင်ယာတဲတွေမှာ နေတဲ့သူတွေရှိတယ်။ တာလပတ် မရှိတဲ့သူတွေကတော့ တောထဲက သစ်ခက်တွေ […]

မြိတ်တွင် အုတ်တင်ယာဉ်နှင့် ခရီးသည်ယာဉ်တိုက်မိ ခရီးသည် ၈ ဦးဒဏ်ရာရ

Dawei Watch

June 30, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျားရွာအနီးတွင် ယနေ့(ဇွန် ၃၀) နံနက် ၉ နာရီအချိန်ခန့်က အုတ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိသဖြင့် ခရီးသည် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုနေသူအချို့ထံမှ သိရသည်။ တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် အုတ်တင်ယာဉ်နှင့် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့် ခရီးသည်တင်ယာဉ်တို့သည် မရင်းငယ်ဖျားရွာအနီးရှိ အားမာန်သစ်ဆီဆိုင်အကွေ့တွင် တိုက်မိကြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။ “အုတ်ကားဘက်က အရှိန်လွန်ပြီး ဝင်တိုက်မိတာလို့ ကြားရတယ်‌ဗျ” ဟု မရင်းငယ်ဖျားရွာသားတစ်ဦးက ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်းနှင့် ခရီးသည် ၈ ဦးတို့ ဒဏ်ရာရရှိသဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။ “ခရီးသည်တွေက ဒဏ်ရာသိပ်မစိုးရိမ်ရဘူး၊ ကားမောင်းသမားက ညှပ်မိသွားတာဆိုတော့ ဒဏ်ရာပြင်းမယ်ထင်တယ်” ဟု နာရေးကူညီမှု […]