ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် မီးရှို့ခံရ

Dawei Watch

July 16, 2023

ပုလောမြို့၊အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၏နေအိမ် မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့ည(ဇူလိုင် ၁၅ ရက်နေ့ ) ၁၂ ဝန်းကျင်တွင် မီးရှို့ခံရခြင်းဖြစ်သည်။ “လှေနဲ့လာပြီး မီးလောင်ဗုံးနဲ့လာပစ်သွားတယ်လို့ ပြောတယ်။ လူတွေတော့ ထိခိုက်သံမကြားရဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဦးသိန်းဝင်းသည် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး မီးရှို့ခံရသည့် နှစ်ထပ်အိမ်မှာ အမှတ် ၁ ရပ်ကွက် လှေဆိပ်အနီးတွင်ရှိသည်ဟု ဒေသခံများ ကဆိုသည်။ မီးရှိ့ခံရချိန်တွင် ဦးသိန်းဝင်းမှာ နေအိမ်တွင်မရှိဘဲ လှေဆိပ်တွင် ရောက်ရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လှေဆိပ်နဲ့ သူ့အိမ်က နီးနီးလေးပဲ။ သူကညဆို ပိုက်လှေငယ်တွေ အဝင်အထွက် စစ်ဆေးတာတွေ လုပ်တယ်’ဟု ဒေသခံ နောက်အမျိုးသားတစ်ဦး ကပြောသည်။ နေအိမ်ကို မည်သည့်အဖွဲ့က မီးရှို့သည်ကိုမူ မသိရဟု […]

တနင်္သာရီ သိန်ခွန်းရွာအုပ်စုတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး ဒေသခံများထွက်ပြေးနေရ

Dawei Watch

July 16, 2023

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး အနီးအနားကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ တနင်္သာရီ-မောတောင်လမ်းရှိ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာတွင် ဇူလိုင်လ ၁၅ ရက်ကစတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ဆက်လက်ဖြစ်ပွားနေသေးကြောင်း ဒေသခံများက ဆိုသည်။ ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။ “ဒီနေ့ မနက်လည်း လက်နက်ကြီးတွေနဲ့ ထုနေတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ချောင်းနှစ်ပေါက်ရွာ၊ သိန်ခွန်းရွာ၊ ကွမ်းသီးတောရွာနှင့် ထုံခါရွာတို့ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ ဇူလိုင်လ ၁၅ရက်ကဖြစ်ပွားသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်စဉ်နှင့် ထိခိုက်မှုအခြေအနေတို့ကို […]

မြိတ်တွင် ယိုးဒယားရွှေများ အရောင်းရပ်

Dawei Watch

July 15, 2023

မြိတ်မြို့တွင် ယိုးဒယားရွှေများ ( ထိုင်း‌နိုင်ငံမှ တင်သွင်းသည့် ၉၆၅၊ ၉၉၉၉ အမျိုးအစား လက်ဝတ်ရတနာများ)ကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမည်ဆိုသော သတင်းကြောင့် ယင်းရွှေများအရောင်းရပ်ထားကြောင်း ‌ရွှေအရောင်းဆိုင်တို့မှ သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမည့်သတင်းမှာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွှဲပိုင်းမှစကာ ဆိုင်အချို့ စောစီးစွာပိတ်ခြင်း၊ ယိုးဒယားရွှေများ မရောင်းချပေးခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။ “မနေ့က ဝင်စစ်မယ်လို့ကြားရတယ်၊ ခုထိတော့ လာမစစ်ကြသေးဘူး” ဟု မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ရွှေရည် ၁၅ ပဲ၊ ၁၆ ပဲရှိ ၉၆၅၊ ၉၉၉၉ ယိုးဒယားရွှေများကို အများဆုံးအသုံးပြုလေ့ရှိကြသည်။ ရွှေရည် ၁၂ ပဲ၊ ၁၃ ပဲ၊ ရှိ ရန်ကုန်ရွှေနှင့် ရွေရည် ၈ […]

Export ငါးသယ်လှေများ ခြေရာခံစက် တပ်ဆင်ရမည်

Dawei Watch

July 15, 2023

Export ငါးသယ်လှေများတွင် ငါးသယ်လှေများအား စောင့်ကြည့်ခြေရာခံမည့် VMS (Vessel Monitoring System) စက်များ တပ်ဆင်ရမည်ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းရှိ ငါးသယ်လှေအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ VMS စက် တပ်ဆင်ခြင်းအတွက် ရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲမှ သိရသည်။ ယင်းရှင်းလင်းပွဲတွင် ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပိုင်ရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲတွင် VMS တပ်ဆင်ရမည့်ကိစ္စပါဝင်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “၁၁ လပိုင်း ၁ ရက်နေ့ အပြီးတပ်ဆင်ရမယ်။ မတပ်ရင် export ပေးမထွက်ဘူးပေါ့။ လက်ရှိ ၁၁ လပိုင်း မတိုင်ခင် အထိတော့ ပေးထွက်နေဦးမယ်။ ဒီကြားမှာ […]

ပုလောကုန်းရှိ စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းဝင်တိုက်

Dawei Watch

July 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ဇူလိုင်လ ၁၃ရက်က ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ဦးစီးပြီး ပြည်သူ့ကာကွယ်ရေးတပ်များပါဝင်သည့် ပူရိယက္ခညီနောင်စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချ နေထိုင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ပုလောကုန်း တံတားအား မိုင်းဆွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ပြီး သေဆုံးမှုကိုမူ အတိအကျ မပြုစုနိုင်သေးကြောင်း ဖော်ပြသည်။ တိုက်ပွဲပြီးနောက် ပူရိယက္ခညီနောင်စစ်ကြောင်းဘက်က […]

မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးကို ဖမ်းဆီးထားကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

Dawei Watch

July 13, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတစ်ဦးအား ဇူလိုင်လ ၁၁ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။ စိတ်ကြွဆေးများအပြင် ငွေကျပ်သိန်းရာချီနှင့် ရွှေထည်လက်ဝတ်လက်စားများကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်ရှိ ဦးကျော်အေးဖြစ်ကြောင်း ဆိုသည်။ ၎င်းနှင့်အတူ စိတ်ကြွဆေးပြား ခြောက်သောင်းကျော်၊ ငွေကျပ်သိန်း သုံးရာ့ခြောက်ဆယ်နှစ်သိန်းကျော်၊ နားဆွဲ သုံးစုံနှင့် တစ်ခြမ်း၊ ဟန်းချိန်းတစ်ပင်၊ လက်ကောက် ငါးကွင်း၊ လက်စွပ် သုံးကွင်း၊ ဆွဲကြိုးသုံးပင်နှင့် လော့ကပ်နှစ်ခု တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြပါရှိသည်။ ဖမ်းဆီးရမိခဲ့သည့် ဦးကျော်အေးနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံ၍ ဥပဒေနှင့်အညီအရေးယူမှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ရေးသားထားသည်။ လက္ကူးရွာတွင် […]

ထိုင်းနိုင်ငံရေးဂယက်ကြောင့် ရနောင်းပို့သည့် မြိတ်ရေထွက်ကုန်ဈေး ထက်ဝက်နီးပါးကျဆင်း

Dawei Watch

July 13, 2023

လတ်တလောဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံရေး အပြောင်းအလဲဂယက်ကြောင့် ရနောင်းသို့ တင်ပို့ရောင်းချနေကြသည့် မြိတ်ဒေသထွက် ရေထွက်ကုန်ဈေးနှုန်း ထက်ဝက်ခန့် ဈေးကျဆင်းနေကြောင်း မြိတ်အခြေစိုက်ရေလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ ဇွန်လအတွင်းမှစပြီး လက်ရှိအချိန်အထိ ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်းနေခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူအချို့က ပြောသည်။ “ငါးဈေးက အရင်ရနေတဲ့ဈေးထက် သုံးဆယ်ကနေ ငါးဆယ်ပါဆင့်(ရာခိုင်နှုန်း)အထိ ကျသွားတာ။ သူတို့နိုင်ငံက စီးပွားရေး သမားတွေက နိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးမလုပ်ရဲကြဘူး။ နိုင်ငံရေးအခြေအနေကိုပဲ ကြည့်နေကြတာကိုး” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။ နိုင်ငံရေးအပြောင်းအလဲကြောင့် ရနောင်းငါးဈေးအပြင် စက်ရုံ၊ အလုပ်ရုံများ ပိတ်သွားမည်ကို ထိုင်းစီးပွားရေး လုပ်ငန်းရှင်တို့က စိုးရိမ်မှုများရှိနေကြောင်း ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်အချို့က ဆိုသည်။ “နိုင်ငံရေးမတည်ငြိမ်သေးတော့ တော်ကြာဆူပူတာတွေ ဖြစ်လာမယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သွားရင် လက်ထဲမှာ ဝယ်ထားတာတွေ ကိုင်မိထားသလိုဖြစ်သွားမယ်။ ကိုင်ထား […]

ပုလောတွင် စိတ်ကြွဆေးဖြန့်ဖြူးသူကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

July 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသူကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာနေ စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသည့် ညီအကိုနှစ်ဦး၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၀ ရက်ညတွင် လာရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေး(မြင်းဆေး) အမြောက်အများနှင့် ငွေကျပ်သိန်းလေးရာနီးပါးကို သိမ်းဆည်းရမိသည်ဟု ဒေသခံများ ကပြောသည်။ ယင်းသို့ဖမ်းဆီးရာတွင် အကိုဖြစ်သူကိုဖမ်းမိခဲ့သော်လည်း ညီဖြစ်သူ ကိုသိန်းကြီး ဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများ ကပြောသည်။ “သူတို့က ပင်လယ်ငါးဖမ်းလှေတွေကို အကြီးအကျယ် ဖြန့်ဖြူးနေတဲ့သူတွေပါ။ (စိတ်ကြွဆေး)အလုံးအရေအတွက်တော့ တိကျမသိဘူး။ဆေးတန်ဖိုးက သိန်းတစ်ထောင်နီးပါးလောက် ရှိတယ်လို့ပြောတယ်။ ကြေးပြား(ပိုက်ဆံ)က သိန်းလေးရာနီးပါး အသိမ်းခံရတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အချက်အလက်များကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်က လတ်တလော သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ လက္ကူးရွာတွင် မူးယစ်ဆေးရောင်းချနေမှုကို […]