ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျွန်းစုတွင် လှေဖြင့်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

Dawei Watch

July 21, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လှေငယ်ဖြင့်လာသည့် စစ်ကောင်စီရေတပ်သားများနှင့် ပျူစောထီးများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလစ်ဝအနီး ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ကြိုတင်စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်သားများဘက် ပြန်လည်ခုခံ ပစ်ခတ်ချိန်မရလိုက်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပြီးမှ လက်နက်ငယ်နှစ်ချက်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်းလည်း ဆိုသည်။ ယခုနှစ် မတ်လနှင့် မေလအတွင်းကလည်း ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် ရေတပ်သင်္ဘော၊ လှေငယ်များနှင့် လိုက်လာသည့် စစ်ကောင်စီရေတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် မြိတ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းပြီး […]

အာဇာနည်နေ့တွင် ပုလော၌ PDF တစ်ဦးကျဆုံး

Dawei Watch

July 21, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အာဇာနည်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ အာဇာနည်နေ့ မွန်းလွဲချိန်က ပဝတ်ကုန်းရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်သုံးစီးဖြင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်သားငါးဦး ဖြတ်သွားစဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “တိုက်ပွဲမရှိဘူး သူတို့ဖြတ်အလာမှာ ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျကျန်ရစ်တယ်လို့ ကြားရတယ်”ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသား ကပြောသည်။ ပစ်ခတ်ခံရပြီးနောက် ကျန်လေးဦးမှာ လွတ်မြောက်သွားပြီး ကျဆုံးသူ၏ ရုပ်အလောင်းကို ပြုတ်ကျသည့်နေရာနှင့် ခပ်လှမ်းလှမ်း တောစပ်အတွင်း  ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများ ထံမှသိရသည်။ “ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ကြားတယ်”ဟု ဒေသခံနောက်အမျိုးသားတစ်ဦးကပြောသည်။ ကျဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် ပုလောမြို့နယ်၊ခန္တီရွာသား ဖြစ်သည်ဟု ဒေသခံများ ကပြောဆိုသည်။ ယင်းဖြစ်စဥ်မှန်ကန်ကြောင်းနှင့် ကျဆုံးသူမှာ ပုလောဒေသကာကွယ်ရေး […]

ထုံခါ-မောတောင်လမ်း ပြန်ဖွင့်

Dawei Watch

July 20, 2023

တိုက်ပွဲကြောင့် တစ်ပတ်နီးပါးအကြာ ပိတ်ထားသည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ကော်သူးလေတပ်မတော် (KTLA)က ယနေ့ထုတ်ပြန်လိုက်သည်။ တိုက်ပွဲကြောင့် ထုံခါ-မောတောင်လမ်းပိုင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ထုတ်ပြန်ထားပြီးနောက် ယနေ့(ဇူလိုင် ၂၀)တွင်သွားလာခွင့် ပြန်ပြုလိုက်ခြင်းဖြစ်သည်။ “မောတောင်လမ်း ဒီနေ့ပြန်ဖွင့်တာ သိပြီးပါပြီ။ မနက်ဖြန် ကားတွေ ပြန်ထွက်ဖို့စီစဥ်နေပါတယ်”ဟု မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကော်သူးလေအပါအဝင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ ငါးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့သည်။ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းသည် မြိတ်ခရိုင်ဘက်မှ ရေထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့တင်ပို့ရာ မောတောင်-စင်းခွန်နယ်စပ်ဂိတ်သို့သွားရောက်ရသည့် လမ်းဖြစ်သည်။

တနင်္သာရီတွင် ငါးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ပြန်ဆုတ်သွားဟုဆို

Dawei Watch

July 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲငါးရက်ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရသည်။ တနင်္သာရီ မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ယနေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်ပြန်ဆုတ်သွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ သိန်ခွန်းကျေးရွာအုပ်စု သဲဖြူရွာဖက်မှ စစ်ကောင်စီတပ်ဗျူဟာရှိသည့် ရေဖြူရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီနေ့တော့ သဲဖြူရွာကနေ ရေဖြူဖက်ပြန်ဆုတ်သွားကြပြီ။ တဖြည်းဖြည်းနဲ့ တိုးလာတာ တိုးလို့မပေါက်တော့ ပြန်ဆုတ်သွားကြတာ” ဟု ၎င်းက ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့က ရေဖြူရွာဖက်မှ ကားကြီး ငါးစီး၊ အင်အား ၁၀၀ […]

ပုလောပြည်သူ့ကာကွယ်ရေးတပ်က အာဇာနည်နေ့ အခမ်းအနားကျင်းပ

Dawei Watch

July 19, 2023

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း ၁ မှ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးလှူ ကျဆုံးခဲ့ရသည့် အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁၅ ဦးတို့ကိုလည်း လွမ်းသူပန်းခွေချခြင်း အလေးပြုခြင်းတို့ ပြုလုပ်ခဲ့သည်။ တစ်ဆက်တည်း လက္ကူးကျေးရွာမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေး ခြောက်သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြိတ်တွင် မိုးသက်လေပြင်းကြောင့်သမ္ဗန်လှေ ၁၅ စီး နစ်မြုပ်

Dawei Watch

July 19, 2023

မြိတ်မြို့တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း သမ္ဗန်‌လှေ၁၅ စီးခန့် နစ်မြုပ်ခဲ့ရကြောင်း သမ္ဗန်‌ မောင်းနှင်သူအချို့က ပြောသည်။ မြိတ်ကမ်းနားလမ်းရှိ ဆားတံတား၊ ပြည်တော်သာတံတားနှင့် ဆိပ်ငယ်တံတားတို့ရှိ သမ္ဗန်‌လှေများ နစ်မြုပ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က မြုပ်တာ အစီးရေနည်းတယ်။ ညတုန်းက မိုးလေတအားကြမ်းတော့ မနေ့ကထက် မြုပ်တဲ့လှေပိုများတယ်။ အားလုံး ၁၅ စီးလောက်ရှိမယ်” ဟု ပြည်တော်သာတံတားရှိ သမ္ဗန်လှေမောင်းနင်သူတစ်ဦးက ပြောဆိုသည်။ ပင်လယ်ရေတက်သည့်အချိန်တွင်မိုးသက်လေပြင်းများကျရောက်ပြီး လေပြင်းကြောင့် လှိုင်းများပုတ်ခတ်လာသဖြင့် ကမ်းနားတစ်လျှောက် ကျောက်ချရပ်နားထားသည့် သမ္ဗန်လှေများ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ “အရင်တုန်းက ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ အလွန်ဆုံး တစ်စီးစ နှစ်စီးစပဲ မြုပ်တတ်တာ။ ရေကလည်း လမ်းပေါ်အထိ တက်မြုပ်နေတာ” […]

မြိတ်ရေကန်ဘောင်ကန်ထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Dawei Watch

July 17, 2023

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင်ကန်ထဲတွင် ဇူလိုင်လ ၁၆ ရက် ညနေ ၄နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ အဆိုပါ ရေကန်ဘောင်ကန်ထဲတွင် သူငယ်ချင်းဖြစ်သူ အမျိုးသားနှစ်ဦးတို့ ရေဆင်းကူးရာမှ တစ်ဦးမှာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ကန်ကြီးရပ်ကွက်နေသူအချို့က ဆိုသည်။ “မိုးကောင်းနေတုန်း ရေဆင်းကူးကြရင်း ရေနစ်သွားတာ” ဟု ကန်ကြီးရပ်နေသူတစ်ဦးက ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်သေဆုံးခဲ့သည်ကို အသေအချာ မသိရှိရသေးပေ။ ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်ခဲ့ကို ဖုန်းလက်ခံရရှိသဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း နာရေကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “ဘယ်လိုရေနစ်သွားမှန်းတော့ မသိရဘူး။ ရေထဲဆင်းဆယ်ပြီးတော့ ဆေးရုံကို ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စစ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ရေနစ်သေဆုံးသည့် အသက် ၄၀ […]

အန္တရာယ်ရှိသဖြင့် ထုံခါ-မောတောင်လမ်း အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

Dawei Watch

July 16, 2023

လတ်တလော တိုက်ပွဲများဖြစ်ပွါးနေပြီး အချိန်မရွေးအန္တရာယ် ကျရောက်နိုင်သဖြင့် တနင်္သာရီမြို့နယ်၊ထုံခါ-မောတောင်လမ်းပိုင်းအား အသုံးမပြုရန် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်မှ ယနေ့အထိ တိုက်ပွဲများဖြစ်ပွါးနေပြီး ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားမိဘပြည်သူများ ထိခိုက်မှုမရှိစေရန် ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ လိုက်နာခြင်းမရှိဘဲ သွားလာပါက ထိခိုက်မှုတစ်စုံတရာဖြစ်လျှင် မိမိတို့တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း လေးစားစွါအသိပေးသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ထုံခါ-မောတောင်လမ်းပိုင်းတွင် နှစ်ရက်တိတိတိုက်ပွဲဖြစ်ပွါးနေပြီး အနီးအနားကျေးရွာများမှ ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထုံခါ-မောတောင်လမ်းတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီ ၁၂ ရက်အထိ နေ့စဥ်ဆိုသလို တိုက်ပွဲဖြစ်ခဲ့ဖူးသည်။