ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် ဆိုင်ကယ်အဝယ်လိုက်သဖြင့် ဈေးတက်ပြီး ထားဝယ်တွင် အရောင်းအဝယ်ပါး

Dawei Watch

July 27, 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြိတ်မြို့တွင် ဆိုင်ကယ်အဝယ်လိုက်လာပြီး ဈေးတက်လာကာ ထားဝယ်ဒေသတွင် တိုက်ပွဲများကြောင့် အရောင်းအဝယ်ပါးလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စစ်ကောင်စီ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူထွက်မည်ဟု ကြေညာပြီးနောက် ဆိုင်ကယ်ဝယ်သူများ လာကြောင်း မြိတ်မြို့ရှိ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ “ဆိုင်မှာဆိုရင် ဝယ်တဲ့သူမရှိလို့ ချောင်ထဲထိုးထားတဲ့ ဆိုင်ကယ်တွေ အားလုံး ရောင်းကုန်သွားပြီ။ အချို့ show room (အရောင်းပြခန်း) တွေဆိုရင် ရောင်းရလွန်းလို့ ပြစရာဆိုင်ကယ်တွေတောင် သိပ်မကျန်တော့ဘူး” ဟု မြိတ်တောင်ရပ်နေ တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။ ဒေသခံအချို့ကလည်း ကျပ်ငွေတန်ဖိုး ထိုးကျသွားမည့်အရေးစိုးရိမ်သည့်အတွက် ငွေသားစုဆောင်းထားသည့်အစား ဆိုင်ကယ်အပါအဝင် ရွှေ၊ ကား၊ အိမ်ခြံမြေများကို ဝယ်ယူလာကြကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ အဝယ်လိုက်လာသဖြင့် ဆိုင်ကယ်အမျိုးအစားအပေါ်မူတည်ပြီး တစ်စီးလျှင် ငွေကျပ်နှစ်သိန်းမှ […]

ပုလောကုန်းရွာအနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။ ပုလော အမှတ် (၂၈၅) တပ်ရင်းက ပုလောကုန်းကျေးရွာသို့ ဇူလိုင် ၂၃ ရက်နေ့က လာသည့် စစ်ကောင်စီတပ်ကား သုံးစီးကို တစ်မိုင်တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးမှာ မြောင်းထဲ ထိုးကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယင်းနောက် ည ၆ နာရီတွင် ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးကြောင်းလည်း ရေးသားထားသည်။ ယင်းသို့ ထပ်မံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကို မသိရသေးသော်လည်း ပူရိယက္ခညီနောင် စစ်ကြောင်းဘက်ကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ ပူရိယက္ခညီနောင်စစ်ကြောင်းက စစ်ကောင်စီတပ်အား […]

ဘန်လောရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့တပ်ရင်းမှ ဘန်လောကျေးရွာအုပ်စုသို့ ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲအချိန်အထိ လက်နက်ကြီး ဆယ်ချက်ခန့်ပစ်ခတ်ခဲ့ပြီး ဘန်လောအနောက်ကမ်းနှင့် အရှေ့ကမ်းရွာနေ အမျိုးသမီးကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်နားလာကျပြီး နှစ်ယောက်စလုံး ခြေတွေမှာထိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ဒေသခံ အမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်မှ ဘန်လောရွာနှင့်တစ်ဆက်တည်း ဘန်လင်ရွာဘက်သို့လည်း ပစ်ခတ်ခဲ့သေးပြီး လူနှင့်နေအိမ် ထိခိုက်မှုမကြားရဟု ဒေသခံများ ကဆိုသည်။ “ဘာတိုက်ပွဲမှမရှိဘူး။ PDF တွေရှိနေတယ်ထင်ပြီး ပစ်တာဖြစ်မယ်”ဟု ဒေသခံ နောက်တစ်ဦး ကပြောသည်။ ယင်းသို့ပစ်ခတ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တနင်္သာရီတံတား စစ်ဆေးရေးဂိတ်ကို အဝေးမှသွားရောက် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူဒေသခံအမျိုးသား […]

စစ်ကြောင်းထိုးရန် လူစုလေ့ရှိသည့် ရှော်တောမှော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်တိုက်

Dawei Watch

July 26, 2023

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ရှော်တောမှော်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဇူလိုင် ၂၆)သတင်း ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ယင်းရှော်တောမှော်ရဲစခန်းကို ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိနစ်ပိုင်းအကြာပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝင်ရောက်တိုက်ခိုက်ခံရသည့် ရဲစခန်းတွင် ရဲတပ်သား ဆယ်ဦးကျော်ရှိပြီး ကျွန်းစုမြို့နယ်ရှိ ရေတပ်၊ရဲနှင့် ပျူစောထီးများက ရှော်တောမှော်ရွာတွင် စုဖွဲ့၍ ဘဒ္ဒနဲကျေးရွာဘက်သို့ မကြာခဏ လာရောက် စစ်ကြောင်း ထိုးလေ့ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်ကလည်း ဘဒ္ဒနဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော ရေတပ်နှင့်ပျူစောထီးတို့ လိုက်ပါလာသည့်လှေတစ်စီးကို   ပြည်သူ့ကာကွယ်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် […]

စစ်ကောင်စီကို အားပေးကူညီနေသည်ဟုဆိုကာ နာရေးကူညီမှုအသင်းအချို့ကို မြိတ်ပကဖ သတိပေး

Dawei Watch

July 25, 2023

စစ်ကောင်စီကို အားပေးကူညီနေသည်ဟုဆိုကာ နာရေးကူညီမှုအသင်းအချို့ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇူလိုင် ၂၄ ရက်နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ချမ်းမြေ့၊ ကရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်နှင့် ပီတိကုသိုလ် စသော မြိတ်အခြေစိုက် နာရေးကူညီမှုအသင်း တို့သည် ၎င်းတို့၏ နာရေးကူညီမှုယာဉ်များကို အသုံးပြု၍ စစ်ကောင်စီကို အားပေးကူညီနေသည်ဟု ထောက်လှမ်း သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အထက်ပါအသင်းများအနေဖြင့် စစ်ကောင်စီအား ကူညီအားပေးမှု လုံးဝ မပြုလုပ်ရန် သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက စစ်ရေးအရပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ မည်ကဲ့သို့ အားပေးကူညီနေသည်ကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ရွှေရောင်နေ့သစ် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကမူ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အံ့ဩမိကြောင်း ပြောသည်။ “ကျွန်တော်တို့က ပြည်သူကိုမျက်နှာမူပြီး ပြည်သူအတွက် အလုပ်လုပ်နေတာပါ။ တိကျခိုင်မာမှု […]

ပုလောမြို့အဝင်ဂိတ် ဖြတ်သန်းခွင့်မပေးသဖြင့် ဒေသခံများ သွားလာရန်အခက်တွေ့

Dawei Watch

July 24, 2023

ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်နှစ်ခုရှိသည့်အနက် ဂိတ်တစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် ကျေးရွာလေးရွာနေ ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။ လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာရှိ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် လက္ကူး၊ မြဒေါင်၊ မှော်ကြောင်းနှင့် ပြင်းဖြူကျေးရွာနေ ပြည်သူများ ပုလောမြို့သို့ သွားရောက်ရန် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ “ပိတ်ထားတာက ငါးရက်လောက်ရှိပြီ။ ရွာသားတွေက လှေတွေနဲ့ ပုလောမြို့ကို သွားလာနေကြသလို အောက်ဖက်လမ်း (မြို့အဝင်ဂိတ်နောက်တစ်ခု) ကနေလည်း သွားနေကြရတယ်။ မိုးတွင်းကြီး သွားရလာရ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နောက်မြို့အဝင်ဂိတ်မှ ပတ်သွား၍ ဝင်ရောက်လျှင် ခရီးနှစ်ဆဝေးပြီး သွားလာရလည်းခက်ခဲကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကျေးရွာများနေ ပြည်သူများသည် […]

မြိတ်တွင် ရွှေတစ်ကျပ်သား ၃၆ သိန်းဖြင့် လိုက်ဝယ်နေသူများသော်လည်း ရောင်းသူမရှိ

Dawei Watch

July 24, 2023

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၌ တစ်ကျပ်သားလျှင် ၃၆ သိန်းအထိ ဈေးပေါက်နေပြီး ဝယ်ယူသူများလာသဖြင့် အရောင်းအဝယ် ရပ်နားထားကြောင်း ယင်းရွှေဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်များကို ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာရာ ယင်းနေ့ နေ့ချင်းတွင်ပင် အခေါက်ရွှေများ ဝယ်ယူသူ များပြားလာကြောင်း ရွှေအရောင်းဆိုင်ရှင်အချို့က ဆိုသည်။ ယင်းနေ့တွင် ရွှေဝယ်ယူသူတို့သည် တစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေးပြီး လိုက်လံဝယ်ယူနေခြင်းဖြစ်‌ကြောင်း ဆိပ်ငယ်‌ဈေးကြီးရှိ ရွှေအရောင်းဆိုင်ရှင်အချို့က ပြောပြသည်။ “ဝယ်တဲ့သူ‌တွေက ၃၅ သိန်းပေးပြီး လိုက်ဝယ်နေတာတောင် ဆိုင်တွေက မရောင်းပေးကြဘူး။ အခြေအနေက ဘာတွေဆက်ဖြစ်မယ်မှန်း မသိတော့ မရောင်းပေးတဲ့သဘောပါ” ဟု […]

ထိုင်းတင်ပို့နေသည့် ငါးဈေးထက်ဝက်ခန့်ထိုးကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်

Dawei Watch

July 23, 2023

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ငါးဈေးများ ထက်ဝက်ခန့်ထိုးကျသွားပြီး တနင်္သာရီတိုင်းမှ ငါးဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း မြိတ်ငါးဖမ်းလှေလုပ်ငန်းရှင်များနှင့် တင်ပို့ရောင်းချနေသူများ ထံမှသိရသည်။ ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ် ရွေးကောက်ပွဲကျင်းပနေပြီး ခန့်အပ်ခံအထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံအမတ်များကြောင့် ပြည်သူ့ထောက်ခံမှု အများဆုံးရထားသည့် Move Forward ပါတီခေါင်းဆောင် ပီထာမှာ ဝန်ကြီးချုပ်ဖြစ်ခွင့် မရဖြစ်နေသည်။ ယင်းအပြင် iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။ ယင်းအခြေအနေများကို ပြည်သူများက လက်မခံနိုင်သဖြင့် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြသည်။ ထိုင်းနိုင်ငံရေးအကျပ်အတည်းကြောင့်  ပြည်တွင်းမှတင်ပို့သည့် ငါးများကို ထိုင်းဝယ်လက်များက မဝယ်ရဲကြတော့သလို တစ်ချို့က ဈေးနှိမ်ကာ ဝယ်ယူသဖြင့်  အရှုံးပေါ်နေသည်ဟု ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။ “ငါးဈေးကတစ်အား ထိုးကျနေတယ်ဆိုတော့ လှေတွေက အခြေအနေ သိပ်မကောင်းဘူး”ဟု မြိတ်မြို့နေ ငါးဖမ်းလုပ်ငန်းရှင် ကပြောသည်။ ယခင်က ငါးပါးနီတစ်ကီလို ဘတ် ၂၂၀ […]