ပုလောကုန်းရွာအုပ်စုရှိ ပျူစောထီးအိမ်အချို့ကို ချိပ်ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်
Dawei Watch
July 11, 2023မြိတ်ခရိုင်၊ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီး (ခေါ်) ပြည်သူ့စစ်တို့၏ နေအိမ် လေးလုံးနှင့် ဥယျာဉ်ခြံတစ်ခုတို့ကို ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်သည်။ ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO နှင့် ပူရိယက္ခညီနောင်မဟာမိတ်တပ်က ပြည်သူပိုင်သိမ်းသည်ဟု စာကပ်ကာ ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “သူတို့က ဒီမှာမနေတာကြာပြီ။ ပုလောကုန်းရွာ ပြည်သူ့စစ်ခေါင်းဆောင်အိမ်မှာ သွားနေကြတယ်။ အဲဒါ ကျွန်တော်တို့က သတိပေးတဲ့အနေနဲ့ သိမ်းဆည်းလိုက်တာပါ” ဟု ပူရိယက္ခညီနောင်စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ ပုလောကုန်းကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ကလည်း ပုလောကုန်းရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပူရိယက္ခညီနောင် စစ်ကြောင်းနှင့် […]


