ကဒဲရွာတွင် နေအိမ် ၆ဝခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးပျောက်နေ
diz_admin
February 18, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် နေအိမ်ခြောက်ဆယ်ခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ကဒဲကျေးရွာသို့ ဖေဖော်ဝါရီလ ၁၅ ရက် ညတွင် စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နေအိမ်များစတင်မီးရှို့ခံရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်အထိ မီးလောင်ကျွမ်းနေခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ကားတွေ၊ ဆိုင်ကယ်တွေ အကုန်မီးရှို့ခံရတယ်။ ဒီနေ့အထိ မီးကတငွေ့ငွေ့လောင်နေတုန်း။ဘုန်းကြီး နှစ်ပါးနဲ့ ကဒဲကကောင်လေး တစ်ယောက်နဲ့ ကြဲ (ရွာ) က တစ်ယောက် ပျောက်နေတယ်” ဟု ကဒဲရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်များ မီးရှို့ခံရသည့်အထဲ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း […]


