BREAKING
October 28, 2025

မြိတ်

ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

diz_admin

October 21, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (K-PDF) က ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ယခုဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ပစ်ချကာ တိုက်ခိုက်ခဲ့သည်ဟု  K-PDF (ပုလော) က ထုတ်ပြန်ထားသည်။ ဗုံးသီး ၄ လုံးပစ်ချမှုကြောင့် လူထိခိုက်ခြင်းမရှိသော်လည်း ဓါတ်တိုင်ဓါတ်ကြိုးများ ပျက်စီးခဲ့သည်ဟု ရေးသားထားသည်။ ပစ်ခံရသည့်ဂိတ်သည် မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်များ KNU ထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက်စေရန်အတွက် စစ်ဆေးနေသည့် ဂိတ်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဆိုပါဂိတ်အား စစ်ကောင်စီတပ်ဖွဲ့မှ ပထမအကြိမ်ဒရုန်းဖြင့် ဗုံးချခဲ့ပြီး K-PDF ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ K-PDF နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့မှလည်း […]

ပုလော ပဝတ်ကုန်းရွာက စစ်မှုထမ်းဟောင်း၏ နေအိမ်ဗုံးခွဲခံရ

diz_admin

October 19, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ နေအိမ်ဗုံးခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။ အငြိမ်းစား အရာခံဗိုလ် ဆရာမှတ်ဆိုသူ၏ တစ်ထပ်တိုက်အိမ်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဗုံးခွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အိမ်တစ်ဆောင်လုံး နေလို့မရအောင်ကိုဖြဲဖြဲစင် (တစ်စစီ) ဖြစ်သွားတယ်။ သိန်းရာချီအကုန်ခံပြီး ဆောက်ထားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးခွဲခံရသည့် တစ်ထပ်တိုက် နေအိမ်တွင် လူမနေထိုင်သည်မှာ လအတန်ကြာပြီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “သူတို့က ပြောင်းပြီးနေနေကြတာကြာပြီ။ တစ်ရွာလုံးလည်း လူမရှိတော့ဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ဆရာမှတ်သည် အငြိမ်းစား အရာခံဗိုလ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကာ လက်ရှိအချိန်တွင် ရှောင်တိမ်းနေကြောင်း ဒေသခံများက ဆိုသည်။ ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲမကြာခဏဖြစ်သည့်အတွက် ရွာသားများမှာ […]

ပလမြို့ထွေအုပ်ရုံး ဗုံးဖြင့်ပစ်ခတ်ခံရ

diz_admin

October 17, 2022

မြိတ်ခရိုင် ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ပစ်သွင်းခံရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်ခံရပြီးနောက် ယင်းရုံးအနီးရှိ မီးသတ်ရုံးက မီးသတ်ကားအချို့ကို နေရာပြောင်းရွှေ့ထားသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။ “နှစ်ယောက် ထိတယ်လို့လည်း ပြောသံကြားရတယ်။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ တချို့ကလည်း ထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပစ်ဖြင့် ပစ်ခတ်ခံရသည့် ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က စောင့်ကြပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပလမြို့ထွေအုပ်ရုံးအား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိကာ ထိခိုက်မှုစာရင်းအတိအကျကို […]

မြိတ် တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

October 14, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ် ယနေ့ မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းငယ် နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ “PDF တွေအများကြီးပဲ လာပြီးမီးရှို့သွားတာ။သူ့နဲ့ မိသားစုက အိမ်မှာမနေပဲ တခြားတစ်နေရာမှာ သွားရှောင်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် မိုင်ဝက်ခန့်အကွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကင်းစခန်းတစ်ခုရှိပြီး နှစ်ဖက်ပစ်ခတ်ခြင်းမျိုးမကြားရကြောင်း ဒေသခံများက ဆိုသည်။ “ပစ်ခတ်သံတော့မကြားရဘူး။ မီးရှို့ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို PDF များ […]

ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

diz_admin

October 13, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်အတွင်းရှိ KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်(K-PDF-Palaw)က ယနေ့ထုတ်ပြန်သည်။ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း  ဖွင့်လှစ်ထားသည့် ယင်းစစ်ဆေးရေးဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၃)  မွန်းလွှဲ ၁၂ နာ ရီအချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ ဗုံးသီးပစ်ချမှုကြောင့် ကရင်ပြည်သူ့ကာကွယ်ရေး(ပုလော) တပ်သားတစ်ဦး ဒဏ်ရာအနည်ငယ် ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါဂိတ်သည် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီ ထုတ်ကုန်များ မဝင်ရောက်ရေးအတွက် တားမြစ်စစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်သည်။ ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့သည်။

ပုလောပစ်ခတ်မှုအတွင်း ပြည်သူလေးဦးဒဏ်ရာရ

diz_admin

October 13, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်က ပုလောမြို့နယ်၊ တပိုရွာအနီးတွင် မြိတ်ဘက်မှလာသည့် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံခဲ့ရသည်။ မိုင်းဆွဲခံရမှုကြောင့် အရှိန်တင်မောင်းနှင်သွားသည့် ယင်းကားများပေါ်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် ပရိဘောဂပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။ “တပိုမှာ မိုင်းဆွဲခံရတော့ ယာဥ်တန်းမောင်းပြေးရင်း ကားပေါ်ကနေ ထိုးထိုးပစ်တာ လမ်းတစ်လျှောက်လုံး အိမ်တွေထိမိထိရာထိတယ်။ လူလေးယောက်လည်း ထိသံကြားရတယ်။ ရွာထဲကို သီးသန့် ဆင်းပြီးပစ်တာတော့ မဟုတ်ဘူး။ မောင်းပြေးရင်း ရမ်းပစ်သွားကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။ “မှောက်ခုံဝပ်နေတာတောင် လက်မှာရှပ်ထိသွားတယ်။ ခြေမှာ (ခြေထောက်ကို) ထိတဲ့ သူတွေလည်းရှိတယ်။ နေအိမ်တွေလည်း […]

မြိတ်တွင် ဟိုတယ်သုံးလွှာပေါ်မှ ဝန်ထမ်းအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

diz_admin

October 12, 2022

မြိတ်မြို့ရှိ Hotel Grand Jade ဟိုတယ်သုံးလွှာပေါ်မှ ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦး ပြုတ်ကျပြီး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။ သေဆုံးသွားသူမှာ အသက် ၅၆ နှစ်အရွယ် ဦးအေးဇော်ဆိုသူဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ည ၁၁ နာရီခန့်တွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့သိရတာက ဟိုတယ်အနောက်ဖက် ဝရံဒါမှာ မီးတက်ပိတ်ရာကနေ ခြေချော်ပြီး ကျသွားတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအဖွဲ့များ အခင်းဖြစ်ရာသို့ လာရောက်ကူညီခဲ့ကြပြီး ချမ်းမြေ့ကျန်းမာရေး အထောက်အကူပြုအသင်း ကားဖြင့် စစ်ဆေးရုံသို့ တင်ပို့ပေးပြီးနောက် လက်ရှိအချိန်တွင် တပ်ပြင်နာရေးကူညီမှုအသင်းတွင် ထားရှိထားကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူသည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး တပ်ပြင်ရပ်ကွက်တွင် အိမ်ငှါးနေထိုင်ကာ ဟိုတယ်တွင် […]

ကမ်းဝေးငါးဖမ်းလှေများ အမည်နံပါတ်ဖုံးပြီးကမ်းနီးတွင် ဝင်ခိုးဆွဲနေဟုဆို

diz_admin

October 11, 2022

ကမ်းဝေးငါးဖမ်းလှေများ လှေအမည်နှင့် နံပါတ်များအား တာလပတ်ဖြင့် ဖုံးအုပ်ကာ ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲနေကြောင်း ဒေသခံကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကမ်းနီးပင်လယ်ပြင်တွင် ဝင်ရောက်ငါးခိုးဖမ်းနေပြီး ပြင်စဘုကျွန်း၊ ပုလဲကျွန်း လငန်းကျွန်းအနီးတစ်ဝိုက်နှင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ရွာအရှေ့နှင့် ရေအေးချောင်းဝ အထိ ဝင်ရောက် ခိုးဖမ်းနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။   “ညနေစောင်းဆို မောင်းဝင်လာကြပြီ။ ဝါလတ်၊ ဝါတန်းဘယ်လှေမှ နာမည်ဖော်ပြီး မလာကြဘူး။ အကုန်လုံး တာလပတ်တွေနဲ့ အုပ်ထားတာချည်းပဲ။ တော်တော်လေး ဆိုးလာနေပြီ” ဟု ရေကန်တောင်ရွာမှ ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ကမ်းဝေးလှေကြီးများ ကမ်းနီးဝင်ရောက်ဖမ်းဆီးသဖြင့် ငါးအရနည်းလာသည့်အပြင် ကမ်းနီးတွင် ထောင်ထားသည့် ပိုက်များ ယင်းလှေကြီးများကြောင့် ပြတ်တောက်ပျက်စီးမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း အလယ်မန်ရွာမှ ကမ်းနီးငါးဖမ်းလှေလုပ်ကိုင်သူတစ်ဦးက […]