ရော်ဘာခြံထဲ အမျိုးသမီးတစ်ဦးအသတ်ခံရမှုတွင် ခင်ပွန်းဟောင်းဘက်က တူတော်စပ်သူ အဖမ်းခံရ
diz_admin
February 24, 2023မြိတ်မြို့နယ် ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့ သည်ဆိုသော တစ်ရွာတည်းနေ အမျိုးသားကို ဖေဖော်ဝါရီလ ၂၃ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံတို့ ထံမှ သိရသည်။ စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးရွာနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၂ ရက်က အသက် ၃၈ နှစ်ရှိ အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးအား အသက် ၃၉နှစ်ရှိ အမျိုးသားတစ်ဦးက သံရိုတ်တူဖြင့် ဦးခေါင်းနောက်ပိုင်းတစ်ချက်နှင့် ဦးခေါင်းထိပ်အား သုံးချက် ရိုက်နှက်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲဘက်ကပြောဆိုမှုကို ကိုးကားကာ မြိတ်မြို့ရှိ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယင်း အမျိုးသားမှာ သေဆုံးသူအမျိုးသမီး ခင်ပွန်းဟောင်းဖြစ်သူ၏ တူတော်စပ်သူလည်းဖြစ်ပြီး ရွှေပေးရွာတွင် နေထိုင်ကြသူ များဖြစ်ကြောငင်း ရွှေပေးရွာနေသူအချို့က ဆိုသည်။ အသတ်ခံရသူ […]


