ပုလော ကဒဲရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရ
diz_admin
October 26, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်ည ၉ နာရီဝန်းကျင်တွင် ကဒဲကျေးရွာထိပ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ခြေသလုံးထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။ “နာမည်က ကရင်အိုလို့ ခေါ်တယ်။ ခြေသလုံးကြွက်သားမှာထိပြီး အသားကြေသွားတယ်။ အရိုးတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ကဒဲကျေးရွာတွင် ရွာသားအများစုနေထိုင်ခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း ဥယျာဉ်ခြံစောင့်အဖြစ် နေထိုင်နေကြသူအချို့လည်း နေထိုင်နေသေးကြောင်း ဒေသခံများက ပြောပြသည်။ “လက်နက်ကြီးက တစ်ချက်ပစ်ရင် နှစ်လုံးတွဲ၊ နှစ်လုံးတွဲနှင့် ခြောက်လုံးပစ်ခဲ့တယ်။ ရွာထိပ်မှာပဲ ကျတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ လက်နက်ကြီးဖြင့် မပစ်ခတ်ခင် နှစ်နာရီခန့်က ဇရပ်ဆိပ်ကျေးရွာရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် […]


