ထားဝယ်နှင့် မြိတ်တွင် မီးသွေးဈေး နှစ်ဆခုန်တက်
diz_admin
March 5, 2023ထားဝယ်နှင့် မြိတ်တို့တွင် မီးသွေးဈေး နှစ်ဆခုန်တက်သွားကြောင်း မီးသွေးရောင်းဝယ်နေသူများနှင့် အိမ်ထောင်ရှင်မများထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် အရည်အသွေးကောင်းသည့် ဒေသအခေါ် ပျူးမီးသွေးမှာ ပြီးခဲ့သည့် အောက်တိုဘာလအထိ တစ်အိတ်လျှင် ကျပ် ၃၈၀ဝမှ ၄၀၀၀ ခန့်သာ ဈေးပေးရသော်လည်း ယခုကာလတွင် ကျပ် ၇၅၀ဝမှ ၈၀၀၀ ခန့်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အရည်အသွေးညံ့သည့် ရိုးရိုးမီးသွေး တစ်အိတ်လျှင် ယခင်က ၃၅၀၀ ကျပ်ခန့်သာရှိသော်လည်း ယခု ဖေဖော်ဝါရီလကုန်အထိ ၅၅၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။ ပျူးမီးသွေးအပေါ့သားနှင့် အခြားမီးသွေးရောနှောထားသည့် (အရည်အသွေး အလတ်စား) အိတ်အပြည့်ပါ မီးသွေး တစ်အိတ်လျှင်မူ ယခင်က ကျပ် ၄၀၀၀ ခန့်သာရှိသော်လည်း ယခု ၆၅၀၀ ကျပ်ခန့်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။ […]


