ရိတ်သိမ်းရာသီအစ စပါးဈေး ယမန်နှစ်ထက် ၂ ဆခန့် စျေးပိုရ
diz_admin
November 1, 2022မြိတ်ခရိုင်အတွင်း မိုးစပါးရိတ်သိမ်းရာသီ စတင်နေပြီဖြစ်ပြီး စပါးဈေးများလည်း ယမန်နှစ်ထက် ထက်ဝက်ခန့်ဈေးကောင်းပေး ဝယ်ယူနေကြောင်း ဆန်စက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က စပါးတစ်တင်း ကျပ်ခြောက်ထောင်သာပေါက်ဈေးရှိခဲ့ရာမှ ယခုရိတ်သိမ်းရာသီတွင် စပါးတစ်တင်း ကျပ်တစ်သောင်းတစ်ထောင်မှ တစ်သောင်းနှစ်ထောင်အထိ ဈေးပေးကာဝယ်ယူနေသည်ဟု မြိတ်မြို့ရှိ အိုကေဆန်စက်လုပ်ငန်းရှင် ဦးမောင်ထွေး ကပြောသည်။ “ဒီနှစ်စက်သုံးဆီဈေး၊ဓါတ်မြေသြဇာဈေး စတဲ့စိုက်စရိတ်တွေ ကြီးမြင့်တဲ့အတွက် တစ်တင်းကို တစ်သောင်းတစ်ထောင် တစ်သောင်းနှစ်ထောင် ဒီထက်မကျပဲ ဈေးပေးပြီး ဝယ်ယူနေပါတယ်”ဟု ဦးမောင်ထွေး ကပြောသည်။ လက်ရှိအချိန်တွင် မြိတ်မြို့နယ်၊ဝန်ဖို့ရွာမှ စပါးတင်းတစ်သောင်းကျော် လာရောက်ရောင်းချခဲ့ပြီးဖြစ်ကာ ထပ်မံ၍ ရောင်းချမည့် ကျေးရွာများလည်း၊ မြိတ်မြို့နယ်နှင့်ပုလောမြို့နယ်အတွင်း အများအပြားရှိနေသေးကြောင်း ၎င်းကဆိုသည်။ “မိုးရွာနေလည်း ရိတ်သိမ်းလို့ရတယ်။ကျွန်တော့်ဆီမှာ အခြောက်ခံစက်နဲ့ အခြောက်ခံပေးပါတယ်”ဟု မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးမောင်ထွေးကပြောသည်။ စပါးတစ်တင်း တစ်သောင်းနှစ်ထောင်အထိပေးကာ ဝယ်ယူနေသည်ကို ကြားသိရ၍ ဝမ်းသာမိကြောင်း မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာနေ […]


