ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော ခန္တီကျေးရွာအုပ်စုတွင်တိုက်ပွဲဖြစ်ပြီး နေအိမ်တစ်လုံးမီးရှို့ခံရ

diz_admin

March 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုတွင် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ရေတပ်သင်္ဘောဖြင့် ခန္တီရွာသို့ ဝင်ရောက်လာပြီးနောက် မတ်လ ၇ရက်ညတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်ဆုတ်ပေးလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကျေးရွာအုပ်စုရှိ ကုလားမခေါင်းရွာက နေအိမ် တစ်လုံး မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “မီးရှို့ခံရတဲ့အိမ်က (ဒေသခံ) နောင်အုန်းမောင်ရဲ့အိမ်ပါ။ ဘာကြောင့် အရှို့ခံရတယ် သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု ရှိမရှိ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ခန္တီကျေးရွာအုပ်စုသည် ပလောက်မြို့နယ်ခွဲအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တည်ရှိသည်။   ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာနှင့် […]

တနင်္သာရီတွင် ကော်သူးလေပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

diz_admin

March 8, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တားပလပ်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားကြောင်း   ကော်သူးလေတပ်မတော်နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။ မတ်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေဖြူရွာမှတားပလပ်ရွာသို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီနီးပါးကြာမြင့်ခဲ့သည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ ဗွီဒီယိုရုပ်သံဖြင့် ထုတ်ပြန်ပြောဆိုထားသည်။ မြေပြင်သတင်းများအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ကို သိရှိရပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ ဆုတ်ခွါလာနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။ ခွပ်ဒေါင်းတမန်အထူးတပ်ဖွဲ့တွင် လက်နက်ခဲယမ်း မပြည့်စုံမှုကြောင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရကြောင်းလည်း ပြောဆိုထားသည်။ မနေ့ နေ့လယ်က ရေဖြူရွာနှင့်ချောင်းလမုရွာကြားတွင် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ရဲများ ခြေလျှင်စစ်ကြောင်း ထိုးနေသည်ကို တွေ့ရှိရပြီး ယာဥ်များကိုမူတားဆီးစစ်ဆေးခြင်းမျိုး မရှိကြောင်း […]

စရဖ သတင်းပေးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

March 8, 2023

တနင်္သာရီမြို့တွင် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အတွက် မြေပြင်သတင်းထောက်လှမ်းပေးနေသူဟုဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကိုအောင်ဇော်ချစ် (ခေါ်) ကုလားချေးဆိုသူကို မတ်လ ၇ ရက်က ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းနှင့်အတူ လက်လုပ်သေနတ် တစ်လက်အပါအဝင် သတင်းထောက်လှမ်းရာတွင် အသုံးပြုသည့် ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များကို သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။   သိမ်းဆည်းရမိသည့် ဖုန်းပါအချက်အလက်များအရ နောက်ဆက်တွဲ ပုဂ္ဂိုလ်များကိုပါ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါအမျိုးသားမှာ စရဖအတွက် သတင်းပေးလုပ်နေသည်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း တနင်္သာရီမြို့၊ ဆင်ခြေဖုံးကျေးရွာအုပ်စု […]

တနင်္သာရီတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

diz_admin

March 8, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်စခန်းနှစ်ခုနှင့် ယာဉ်တန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာရာတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ ကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၇ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဗောဓိကမ်းစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပြည်သူ့ ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းအပြင် စစ်ကောင်စီတပ်ယာဉ်တန်းအား ပြည်ထောင်စုလမ်းပိုင်းရှိ တနင်္သာရီမြို့အနီး ရမ်းဖိုရွာ၊ တမုတ်ချုံးရွာနှင့် ထုံခါရွာအနီးတို့တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ယာဉ်မောင်းအချို့ထံမှသိရသည်။ ယင်းသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဆုတ်ခွာစဉ် မွန်းလွဲ ၂နာရီခန့်တွင် တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ်က ညောင်ပင်ကွင်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အသက် ၁၉နှစ်အရွယ် ရဲဘော်ကျားကြီး […]

ကျွန်းစုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 7, 2023

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာက အမျိုးသားသုံးဦးဖမ်းဆီးခံရပြီး တစ်ဦး ပစ်သတ်ခံရကြောင်း ယင်းကျေးရွာ‌နေသူအချို့ထံမှ သိရသည်။ မြိုင်သာကျေးရွာသား အသက် ၃၀ နှစ်ကျော်အရှိ ကိုခင်ချိုဆိုသူမှာ မတ်လ ၆ရက် ည ၉ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ရွာအတွင်းက နောက်ထပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ကိုခင်ချိုမှာ ပစ်သတ်ခံရပြီး ကျန်နှစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောသည်။ “ရွာကနေခေါ်သွားပြီး ဘန္ဒနဲရွာတံတားထိပ်မှာ ပစ်သတ်ခံလိုက်ရတယ်။ ခေါ်သွားတဲ့ သုံးယောက်မှာ နှစ်‌ယောက်ပဲ ပြန်ရောက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုခင်ချိုသည် ကဏန်းချေးပုံး (ကဏန်းသေးတစ်မျိုး) လုပ်ငန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းဝယ်ရေး လုပ်ငန်း […]

မြိတ်တွင် အမျိုးသားနှစ်ဦးအတူစီးနင်းလျှင် ဆိုင်ကယ် ၁၅ ရက်ကြာသိမ်းဆည်းခံရ

diz_admin

March 7, 2023

မြိတ်တွင် ယခုရက်ပိုင်းအတွင်း အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား ပြန်လည်ဖမ်းဆီး‌နေပြီး ဆိုင်ကယ်လည်း ၁၅ ရက်ကြာ သိမ်းဆည်းခံရကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချိုက ပြောသည်။ အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား စစ်ကောင်စီ၊ ပျူစောထီးတို့က အိမ်စီးမော်တော်ယာဉ်များဖြင့် ရပ်ကွက်တို့ရှိ လမ်းများအတွင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။   “ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတာ။ လိုင်စင်လည်းရှိတယ်။ သွားထုတ်တော့ ဆယ့်ငါးရက်ကြာမှ လာထုတ်လို့ ပြောလိုက်တယ်” ဟု မတ်လ ၄ ရက်က ဖမ်းဆီးခံခဲ့ရသည် ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်‌ဦးအတူစီးသည် မော်တော်ဆိုင်ကယ်တို့အား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဆက်တိုက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလတွင် ဖမ်းဆီးမှုမရှိတော့ဘဲ မတ်လအစပိုင်းမှစတင်ကာ ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “ဆိုင်ကယ်ဖမ်းမိထားတာ နှစ်ရက်ရှိပြီ။ ရက်ချိန်းပြန်ပေးလိုက်တယ်။ ‌နောက်ဆယ့်ငါရက်ကြာမှပေါ့။ ဆိုင်ကယ်လိုင်စင် […]

ကဒဲရွာကွမ်းသီးခြံ မီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ဆုံးရှုံး

diz_admin

March 6, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာရှိ ကွမ်းသီးခြံမီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့် ဆုံးရှုံးသွားကြောင်း ကွမ်းခြံပိုင်ရှင်နှင့် နီးစပ်သူများထံမှသိရသည်။ ယနေ့(မတ် ၆)နံနက် ၁၀ နာရီခန့်က ကဒဲရွာအပြင် တံတားကြီးအောက် ကွမ်းသီးခြံအတွင်းရှိ တဲနှစ်လုံးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှို့ခဲ့ရာ ကွမ်းခြံကို မီးကူးစက်သွားပြီး ဆုံးရှုံးခဲ့ရသည်ဟု ၎င်းတို့ကပြောဆိုသည်။ “တဲကိုဝင်ရှို့တာ ခြံပါမီးလောင်သွားတယ်။ သီးနေတဲ့ကွမ်းပင်အပါအဝင် အားလုံး ငါးဧကလောက် မီးလောင်ဆုံးရှုံးသွားတယ်”ဟု ကဒဲရွာမှတခြားတစ်နေရာသို့ လတ်တလော စစ်ရှောင်နေရသည့် ကွမ်းခြံပိုင်ရှင်နှင့်ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။ ယင်းအပြင် တဲအတွင်းရှိ အိမ်သုံးပစ္စည်းများအပါအဝင် ရေစုပ်စက် ၂ လုံးနှင့် လယ်ထွန်စက် ၁ လုံးလည်း မီးလောင် ပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။ လွန်ခဲ့သည် နှစ်လဝန်းကျင်ကလည်း စစ်ကောင်စီတပ်များ ရောက်လာသည့်အတွက် တောအတွင်း ပုန်းအောင်းခဲ့ပြီး ပြန်လာချိန်တွင် ဆိုလာပြား၊ဘထ္ထရီအိုး၊အဝတ်အစားအချို့နှင့် စားနပ်ရိက္ခာများ ပျောက်ဆုံးခဲ့ရသည်ဟု ၎င်းကပြောပြသည်။ ပြီးခဲ့သည့်လက ကဒဲရွာကို စစ်ကောင်စီတပ်အင်အားအလုံးအရင်းနှင့် […]

ပုလောမြို့အနီး ရွာနှစ်ရွာတွင်တိုက်ပွဲဖြစ်၊ အခြားရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦးပစ်သတ်ခံရ

diz_admin

March 5, 2023

မြိတ်ခရိုင် ပုလောမြို့အနီး ကျေးရွာနှစ်ရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ထပ်ကျေးရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့အနီးရှိ ပုလောကုန်းရွာနှင့် နန်းပရုပ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ နံနက် ၆ နာရီခွဲခန့်က နန်းပရုပ်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ “နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ မြင်ရသူတွေပြန်ပြောတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုလောကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ပုလောကုန်းရွာက ပျူစောထီးခေါင်းဆောင် ဦးကုလားနီ သေဆုံးသည်ဟု သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်နေချိန် […]