ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျောင်းနိမ့်ရွာ လက်နက်ကြီးပစ်ခတ်ခံရပြီး ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

diz_admin

March 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ပုလောမြို့ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။ “ဒရုန်းနဲ့အရင် လာကြည့်ပြီး သိပ်မကြာဘူးပစ်တယ်။ ဒဏ်ရာရတဲ့ အမျိုးသားလေးယောက်မှာ ကလေးတစ်ဦးပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်ထိမှန်ကာ နေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ အုပ်စုဖက်သို့ စစ်ကောင်စီတပ်က ရိက္ခာဆန်ဆီ ဖြတ်တောက်ထားပြီး တိုက်ပွဲမဖြစ်ဘဲလည်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက […]

မြိတ်မြို့တွင် ပုလောဘက်က စစ်ဘေးရှောင်များစာရင်း လိုက်ကောက်

diz_admin

March 12, 2023

မြိတ်မြို့ပေါ်ရပ်ကွက်တို့ရှိ နေအိမ်တို့တွင် ပုလောဘက်က စစ်ဘေးရှောင်လာသူတို့အား မတ်လ ၁၁ ရက်က စစ်ကောင်စီဘက်က စာရင်းလိုက်လံကောက်ယူနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ပလမြို့မှ တိုရွာ၊ ပလရွာ၊ ပုလောမြို့နှင့်ကျေးရွာနေသူတို့ စစ်ရှောင်လာပြီး မြိတ်မြို့ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့နေအိမ်တွင် တည်းခိုနေထိုင်နေကြကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့က ပြောသည်။ ယင်းသို့ နေထိုင်နေသူများကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးဘက်က စာရင်းလိုက်ကောက်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ “အိမ်မှာ ဧည့်သည်ရှိတာ ဧည့်တိုင်ထားပြီးပြီ။ ပုလောဘက်ကလူတွေရှိလားဆိုပြီး စာရင်းပြန်လာကောက်သေးတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုရှိ နေအိမ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ပုံမှန်အားဖြင့် နေအိမ်တို့တွင် လာရောက်တည်းခိုနေထိုင်သူတို့အား သက်ဆိုင်ရာ ရပ်ကွက် နေအိမ်လမ်းရှိ ရာအိမ်မှူးတို့ထံတွင် ဧည့်စာရင်းတိုင်ကြားရလေ့ရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ “ရပ်ကွက်လူကြီးတွေ စာရင်းလိုက်ကောက်နေကြတာ။ အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးရတာလို့ ပြောတာပဲ” […]

တနင်္သာရီ၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရ

diz_admin

March 11, 2023

မြိတ်ခရိုင်၊တနင်္သာရီမြိုနယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ ကယနေ့ထုတ်ပြန်သည်။ မတ်လ ၁၀ ရက်နေ့နံနက်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ ယင်းနောက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြသော်လည်း မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းဆွဲတိုက်ခိုက်သည့် စစ်ဆင်ရေးကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ ၊ မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၊ တနင်္သာရီမြို့နယ်(ပကဖ)တပ်ပေါင်းစုနှင့် ကျွန်းစုမြို့နယ်(ပကဖ)ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီအမြှောက်တပ်မှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် လယ်သစ်အရှေ့ကမ်းရွာမှ အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး အရပ်သား ၈ […]

ပုလောတွင် တံငါလုပ်ငန်းစခန်းချလုပ်ကိုင်သည့်ကျွန်းပေါ်က အမျိုးသားနှစ်ဦး ဖမ်းခေါ်ခံရ

diz_admin

March 11, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အလုပ်စခန်းဟုခေါ်ကြသည့် တံငါလုပ်ငန်းများလုပ်ကိုင်သည့် ကျွန်းတစ်ကျွန်းပေါ်က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုကျေးရွာအနီး ပင်လယ်အတွင်းရှိ လုံဇယာကျွန်းပေါ်တွင် အလုပ်လုပ်ရင်း နေထိုင်သည့်အမျိုးသားနှစ်ဦးကို စစ်ကောင်စီရေတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးအနက် တစ်ဦးမှာ ကိုစိုးငယ်ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ ထားဝယ်သားဟုသာသိကာ အမည်ရင်းကို သေချာမသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က မတ်လ ၁၀ ရက်ညတွင် ယင်းကျွန်းပေါ်သို့ ဝင်ရောက်လာပြီး တဲများကို ဝင်ရောက်စစ်ဆေးကာ တဲရှိ အမျိုးသား၊ အမျိုးသမီး ၃၀ ခန့်အား ထိုင်ခိုင်းကာ မိုးလင်းပေါက်သည်အထိ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “စစ်တပ်က ခေါ်ထုတ်ချိန်မှာ (ဖမ်းခံရသူ) အဲဒီလူနှစ်ယောက်က ထွက်မလာဘဲ ပုန်းနေတယ်။ သူတို့ ဝင်ရှာတော့ မိသွားတယ်လို့ […]

ကျွန်းစုတွင်တိုက်ပွဲ ဖြစ်ပွားထား၍ ပြည်သူများ ဂရုပြုသွားလာရန် ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

March 11, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် မတ်လ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပျူစောထီးပူးပေါင်းပါဝင်သည့် စစ်ကောင်စီ(ရေတပ်)တို့ တိုက်ပွဲဖြစ်ပွားထား၍ ဒေသခံများဂရုပြုသွားလာကြရန်  ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ထုတ်ပြန်လိုက်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရှိရသည်။ စစ်ကောင်စီတပ်က မတ်လ ၉ ရက်မွန်းလွဲ ၁၂ နာရီတွင် စစ်သင်္ဘောငယ် ၂ စီးနှင့် သားပေါက်လှေငယ်(သစ်သားလှေ) ၁ စီးဖြင့် ဘန္ဒနဲကျေးရွာအုပ်စု၊ သော်တောင်ငယ်ရွာနှင့် သံပြာရွာချောင်းရိုးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မှ ကြိုတင်စောင့်ဆိုင်းကာ စတင်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီပူးပေါင်းတပ်များအား တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတက်ဘက်မှ အထိအခိုက်ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် ဘန္ဒနဲကျေးရွာအုပ်စု၊မြိုင်သာရွာနေ ခင်ချို ဆိုသူကိုလည်း ရှင်းလင်းခဲ့ကြောင်း […]

လယ်သစ်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

diz_admin

March 10, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်အရပ်သား အမျိုးသား၊ အမျိုးသမီးရှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့အနီး စစ်ကောင်စီအမြှောက်တပ်က လယ်သစ်အရှေ့ကမ်းရွာအား လက်နက်ကြီး ၁၃ ကြိမ် ပစ်ခတ်ပြီး သုံးလုံးသည် လူနေအိမ်အပေါ်ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ “ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက်ကြီးရွယ်အိုတွေ ထိတာများတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေဆုံးခဲ့သည့် ကလေးငယ်၏မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဖိုးအဖွားများနှင့် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရသူများတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ […]

ကျွန်းစု ဘန္ဒနဲရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

diz_admin

March 10, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ရွာသားများထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘန္ဒနဲကျေးရွာသို့ မနေ့က သင်္ဘောငယ်နှစ်စီး၊ လှေတစ်စီးတို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် မွန်းတည့်ချိန်တွင် နှစ်ဖက်တိုက်ပွဲစဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ပြီးခဲ့သည့် မတ် ၆ ရက်နေ့က စစ်ကောင်စီသတင်းပေးဟုဆိုသူတစ်ဦး ပစ်သတ်ခံရပြီးနောက် ယနေ့တွင် စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပွဲကနည်းနည်းကြမ်းတယ်။ နှစ်ဖက်စလုံးထိခိုက်မှု ရှိတယ်လို့ကြားရတယ်။ အတိအကျတော့ မသိရသေးဘူးပါ့။ ရွာမှာတော့ လူမရှိတော့ဘူး အကုန်ပြေးကုန်ကြပြီ” ဟု ဒေသခံအမျိုးသားက ပြောဆိုသည်။ တိုက်ပွဲ တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြကြောင်း ကျွန်းစု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ၎င်းကမူ စစ်ကောင်စီဘက်ကသာ ထိခိုက်သေဆုံးမှုရှိသည်ဟုကြားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်ရှိသည်ဟု မကြားရကြောင်း ပြောဆိုသည်။ […]

ပုလော သင်္ကန်းတောရွာရှိ ရော်ဘာခြံများ မီးရှို့ခံရ

diz_admin

March 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ရော်ဘာခြံများ ယနေ့ နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သင်္ကန်းတောရွာ တောင်ကြီးတောင်၏ အရှေ့ဖက် ကားလမ်းမကြီးဖက်ရှိ ရော်ဘာခြံ ယနေ့ မတ်လ ၉ ရက် နံနက်က မီးရှို့ခံရပြီး ပိုင်ရှင် ငါးဦးလုပ်ကိုင်နေသည့် ရော်ဘာပင် ၁၀ ဧကဝန်းကျင် မီးလောင်ဆုံးရှုံးကြောင်း ဒေသခံများက ပြောသည်။ သင်္ကန်းတောနှင့် အနီးအနားက ကဒဲကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံများမှာ ရွာအတွင်း မနေရဲဘဲ တိမ်းရှောင်နေကြရသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က သင်္ကန်းတောရွာ အနီးဝန်းကျင်သို့ ဝင်ရောက်ကာ PDF များကို ဝင်ရောက်ရှာဖွေလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ရှာဖွေစဉ် ရော်ဘာခြံထဲက တဲကို မီးရှို့ထားခဲ့ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း […]