တနင်္သာရီ မြို့ဟောင်းရွာတွင် လူငယ်တစ်ဦး မိုင်းနင်မိပြီးသေဆုံး
Dawei Watch
February 17, 2024တနင်္သာရီမြို့နယ်၊ မြို့ဟောင်းရွာတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇နာရီခန့်က လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ကော့မပြင်ကျေးရွာအုပ်စုမှ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ကိုနေဇော်ဦး ဆိုသူဖြစ်ပြီး မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံ အလည်လာစဉ် လမ်းပိုင်းတွင် မိုင်းနင်းမိခြင်းကြောင်း ဒေသခံတို့က ဆိုသည်။ ၃ဝ၆ အမြောက်တပ်၏ တောင်ဘက်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “အဒေါ်ဆီ လာလည်ဖို့ တပ်အရှေ့က မဖြတ်ချင် တောင်ကုန်းဖြတ်လမ်းကလာတာ မိုင်း အနင်းခံလိုက်ရ (နင်းမိ) တယ်” ဟု မြို့ဟောင်းရွာအနီးရှိ မော်တုန်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါလူငယ်တွင် ကိုယ်လက်အင်္ဂါပြတ်ထွက်သည့် ဒဏ်ရာမရှိဘဲ မိုင်းစ ဘယ်ဘက်ခြေထောက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်သည့် ဒဏ်ရာဖြင့်သေဆုံးကြောင်း မျက်မြင်တွေ့သူများက […]


