တနင်္သာရီ ဆင်ခေါင်းရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ
Dawei Watch
July 22, 2024တနင်္သာရီမြို့နယ်၊ သကျက်အုပ်စု၊ ဆင်ခေါင်းရွာတွင် ဇူလိုင်လ ၂၁ ရက် ညပိုင်းက စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ဝ အရွယ်အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ စစ်ကောင်စီတပ်ရင်းက ဇူလိုင် ၂၁ ရက်ညပိုင်းတွင် သကျက်ကျေးရွာအုပ်စု ဘက်သို့ လက်နက်ကြီးဖြင့်ခြောက် ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ သကျက်အုပ်စုကို မည်သည့်အကြောင်းအရင်းကြောင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။ တော်လှန်ရေးအင်အားစုများနှင့်ဒေသခံတို့ကမူ လက်နက်ကြီးပစ်ခတ်ခံရသည့် ကျေးရွာပတ်ဝန်းကျင်တွင်မူ ယခုရက်ပိုင်းအတွင်း မည့်သည်စစ်ရေးလှုပ်ရှားမှ မရှိခဲ့ကြောင်း ပြောဆိုသည်။ “လက်နက်ကြီးက ည ၇နာရီခွဲလောက်စပစ်တယ်။ ၆ မိုင်၊ ဆင်ခေါင်း၊ လငု အဲဒီရွာတွေဘက်ကို ပစ်တယ်။ ဆင်ခေါင်းမှာတော့ အမျိုးသားတစ်ယောက် နောက်ကျောဘက်မှာ ဒဏ်ရာသွားတယ်။ မြိတ်ကိုပို့ပြီး […]


