ရေးတွင် လူမှုကူညီရေးအသင်းဝင် ၂ ဦး ဓားဖြင့်ခုတ်ခံရ
Dawei Watch
July 11, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၂ ဦး ဓားခုတ်ခံရကြောင်း သိရသည်။ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးနှင့် အသင်းသားတစ်ဦးတို့ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် လမိုင်းမြို့မှ မော့ကနင်သို့ ပြန်လာချိန် ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် ၄ ဦးတို့က လမ်းတွင် ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ “အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးက ဆိုင်ကယ်နဲ့ လမိုင်းမြို့ကနေ ပြန်လာတာ မျက်နှာအုပ်ထားတဲ့ လူငယ် ၄ ဦး ဆိုင်ကယ်နှစ်စီးနဲ့ အနောက်ကနေ လိုက်လာပြီး ဓားနဲ့ ခုတ်သွားတယ်” ဟု ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းလူငယ် ၄ ဦးသည် လမိုင်းမြို့မှ ဖြစ်ကြပြီး […]


