ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ နှင့် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်း
Dawei Watch
August 27, 2025ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြောင်း ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။ ၂ နှစ်ကျော် အတူတကွ စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော် ရဲဘက်များအချင်းချင်းအကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းဖြစ်သည်ဟု ညီနောင်တပ်ဖွဲ့ […]


