ရေးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်
Dawei Watch
August 20, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၀ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် ရ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရေးမြို့နယ်အတွင်း ဝင်ရောက်လာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “တိုက်ပွဲကတော့ ၁၀ မိနစ်လောက် ကြာတယ်။ စကစဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မော့ကနင်ကျေးရွာအခြေစိုက် အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) […]


