ဘီးလင်းတွင် ညအချိန် လေကြောင်းမှဗုံးကြဲ၊ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြား
Dawei Watch
October 10, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာလ ၉ ရက်နေ့ည (မနေ့ည)က စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြာင့် ကလေးအပါအဝင် ၅ ဦး သေဆုံးပြီး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမပင်ဆိပ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးများမှာ ကျေးရွာအတွင်းရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲပြီး ကလေး ၄ ဦး၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေးများအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ထက်မနည်း ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရယ်စိုးရိမ်ရသူများလည်း […]


