ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

November 17, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်အာဏာရှင်တပ်နှင့် ရေးဘီလူးအဖွဲ့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေကြောင်းဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း၌ အင်အား ၂၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျောင်းရွာကျေးရွာ အုပ်စု၊ လိပ်ပုတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နိုဝင်ဘာလ ၁၅ ရက်တွင် ဒေသတွင်းလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “လိပ်ပုတ်ရွာဘက် တက်လာတဲ့ စစ်ကြောင်းကို ရေးဘီလူးဘက်က တိုက်ခိုက်တော့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်။ စစ်ကြောင်းက တိုက်ခိုက်ခံရပြီးတော့ ရှေ့မဆက်နိုင်တော့ပဲ ငါးကလေးချောင်းရွာဘက်ကို ပြန်ဆုတ်သွားတယ်” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်နေချိန် စစ်အာဏာရှင်တပ်က လိပ်ပုတ်ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင်း အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တစ်လုံး၊ […]

မွန်တွင် စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ ကျော်အထိ ဝယ်နေရ

Dawei Watch

November 12, 2025

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်နေပြီး စက်သုံးဆီစျေး တစ်လီတာလျှင် ကျပ် ၅၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း ဒေသခံတို့က ပြောသည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ၎င်းတို့က ဆိုသည်။ ဆိုင်အချို့မှာ အကန့်အသတ်ဖြင့် ရောင်ပေးနေသည့်သလို လုံးဝပိတ်ထားသည့် ဆိုင်များလည်း ရှိကြောင်း ဒေသခံများက ပြောဆိုသည်။ စက်သုံးဆီ မပြတ်လပ်မီ စက်သုံးဆီအရောင်းဆိုင်များတွင် ၉၂၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားရှိနေပြီး ဆီပြတ်လပ်ပြီးနောက် လက်ရှိတွင် ပြင်ပဆိုင်များ၌ တစ်လီတာ ကျပ် ၅၀၀၀ ကျော်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ “ဆီက ဆိုင်တွေ အများစုမှာ မရဘူး။ ရခဲ့ရင်တောင် တန်းစီစောင့်ရတယ်။ နယ်ဘက်မှာလည်း […]

ရေးတွင် စစ်အာဏာရှင်တပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

November 11, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က ကျောင်းရွာကျေးရွာရှိ ခြေမြန်တပ်ရင်း-ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရေးဘီလူးက ခမရ ၅၉၁ တပ်ရင်းထဲကို လက်နက်ကြီးတွေ လှမ်းထုတာ ဟိုက (တပ်ရင်း) လည်း ပြန်ပစ်တော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာ။ သေနတ်သံက နာရီဝက်လောက်ရှိမယ် ကြားရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ရေးဘီလူးဘက်က တောင်ကုန်းပေါ် နေရာရထားသည့်အတွက် အသာစီးရထားသည့် […]

မော်လမြိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

November 10, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး နိုဝင်ဘာလ ၉ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးသည် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ်ကွင် ၉ လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၀ ကျော်အရွယ် တင်ကိုကိုဦး၊ မာမက်အာယွန်း (ခ) မနီနှင့် ဇွဲဝေယံထက်တို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ကိုကိုဦးနှင့် မာမက်အာယွန်း (ခ) မနီတို့ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဇွဲဝေယံထက်မှာမူ သေနတ်ဒဏ်ရာရရှိကြောင်း မြို့ခံများက ဆိုသည်။ အဆိုပါ LGBT သုံးဦးသည် ဆိုင်ကယ်ဖြင့် […]

မွန်တွင် စက်သုံးဆီ ဝယ်ယူရခက်

Dawei Watch

November 7, 2025

မွန်ပြည်နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများနှင့် စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁ရက်ကစပြီး စက်သုံးဆီအရောင်းဆိုင်အများစုတွင် စက်သုံးဆီ ပြတ်လပ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယခင်က မွန်ပြည်နယ်သို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်မှတစ်ဆင့် လာရောက်ဖြန့်ဖြူး သော်လည်း ယခု နိုဝင်ဘာလတွင် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းစက်သုံးဆီ သိုလှောင်ကန်မှတစ်ဆင့် ဖြန့်ဖြူးကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ ယင်းသို့ ဖြန့်ဖြူးရာတွင် စနစ်တကျ မရှိသည့်အတွက် ဆီဘောက်ဆာကား တင်သည့်အချိန် ကြန့်ကြာပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်ခြင်းဖြစ်ကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။ “ရာဇာမင်းဆီကန်မှာက ဆီဖြည့်ရတာ ကြာတယ်။ ဆီဖြည့်ဖို့ စောင့်နေတဲ့ကားတွေလည်း အများကြီးပဲ။ အဲဒီမှာ ကြာနေတော့ ဆီမဖြန့်နိုင် ဖြစ်သွားတယ်။ […]

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

Dawei Watch

November 7, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်း မိုင်း‌ခွဲဖျက်ဆီးခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်က ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်ကြောင်း ဆိုသည်။ ရထားလမ်းပိုင်း မိုင်းဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်း နှစ်ဆက်ခန့် ပျက်ဆီးသွားပြီး ကျောက်တင်သည့် ရထား စက်ခေါင်း အပါအဝင် အတွဲ ၄ တွဲ လမ်းချော်ခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ထို့ကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် […]

စစ်အာဏာရှင်တပ်က ရေလမ်းကြောင်းမှတဆင့် ရေးမြို့နယ်ထဲကို စစ်အင်အား ဖြည့်တင်းနေ

Dawei Watch

November 6, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းကို စစ်အာဏာရှင်က ရေလမ်းကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ “ရေးမြို့နယ်ထဲကို ကုန်းလမ်းကနေ စစ်ကြောင်းတွေ ဝင်လာနေတာရှိသလို ဒီတလောဆိုရင်လည်း ရေလမ်းကနေလည်း ဝင်လာနေတာရှိတယ်။ အဓိကက သူတို့ ရွေးကောက်အတွက် ပြင်ဆင်တာဖြစ်မယ်။ ရေးမှာက တော်လှန်ရေးအင်အားစုတွေ အားကောင်းတယ်လေ။ စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လာနေတယ်” ဟု ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှနေ၍ စစ်သင်္ဘောဖြင့် စစ်အင်အား ၄၀၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများလည်း ပါဝင်ပြီး အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်ထားသည်ဟုလည်း […]

ကျိုက်မရော၊ ပျားတောင်ဒေသဘက် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

Dawei Watch

October 30, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသဘက်သို့ စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။ ပျားတောင်ဒေသတွင်း MCL ဘိလပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ကော့ဝမ်း၊ ကွမ်းငန်း၊ ကတုံစိ အစရှိသည့် ကျေးရွာများဘက်သို့ အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်ကစပြီး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။  MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဝင်ရောက်နေရာယူထားသလို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA လည်း လှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။  လက်ရှိတွင် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကျေးရွာများတွင် တပ်စွဲနေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။  “စစ်ကြောင်းက (အင်အား) မနည်းဘူး။ အခုက အဲဒီဘိလပ်မြေစက်ရုံဘက်မှာ ၀င်ရောက်နေရာယူထားတယ်။ အဲဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတော့ တိုက်ပွဲဖြစ်လာမှာလည်း […]