မွန်တွင် လုံခြံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ စစ်ဆေးမှုများလည်းလုပ်
Dawei Watch
October 4, 2024မွန်ပြည်နယ်တွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်ရေးပဋိပက္ခဖြစ်ပွားမှုနည်းသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့ကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်ယူကြောင်း ၎င်းတို့က ပြောသည်။ သန်းခေါင်စာရင်း စကောက်သည့်နေ့ကစပြီး မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင် လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ “မြို့အဝင်လို နေရာမျိုးတွေ၊ လမ်းဆုံလမ်းခွလိုနေရာတွေ နောက်ရပ်ကွက်မှာဆိုရင်လည်း လမ်းတွေမှာ လုံခြုံရေး ချထားတယ်။ စစ်ဆေးနေတာတွေလည်း ရှိနေတယ်။ သူတို့ သန်းခေါင်စာရင်းကောက်နေတာကို နှောင့်ယှက်တာမျိုး မရှိအောင် လုပ်တာထင်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီက မော်လမြိုင်၊ ချောင်းဆုံ၊ […]


