ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မွန် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကျသော်လည်း တစ်နိုင်ငံလုံးတွင် ပထမရ

Dawei Watch

July 28, 2025

မွန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ကျသော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အောင်းချက်အများဆုံးဖြင့် ပထမရရှိသည်ဟု ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၉၇၂ ဦးရှိသည့်အနက် ၅၁၂၈ ဦး အောင်မြင်ပြီး အောင်ချက် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အမြင့်မားဆုံးဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့သည်။ “ဒီနှစ် မွန်ပြည်နယ်ရဲ့ အောက်ချက်က မနှစ်ကနဲ့စာရင် အောင်ချက်ရာခိုင်နှုန်းကကျတယ်။ ဒီနှစ်က […]

လေပြင်းကြောင့် မွန်တွင် အမျိုးသမီးသုံးဦး ဒဏ်ရာရ၊ နေအိမ် သုံးရာကျော် ထိခိုက်ပျက်စီး

Dawei Watch

July 25, 2025

မွန်ပြည်နယ် မြို့နယ်ငါးခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပြီး နေအိမ်အလုံး သုံးရာကျော် ထိခိုက်ပျက်စီးကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရေးမြို့နယ်၊ ဇီးဖြူသောင်စံပြကျေးရွာ၊ ဆိပ်ကမ်းသာရပ်ကွက်တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ရက် နံနက်ပိုင်းကလည်း ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်အလုံး တစ်ရာ နီးပါးလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ နံနက်ပိုင်းတွင်ပင် သထုံမြို့နယ်၊ နောက်ကုလားကျေးရွာအုပ်စုနှင့် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အလယ်ပိုင်းနှင့် ကျွဲတဲအုပ်စုတို့တွင်လည်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်အလုံး ၅၀ခန့် […]

ပေါင်တွင် လေပြင်းတိုက်ပြီး အိမ်တစ်ရာနီးပါး ထိခိုက်ပျက်စီး

Dawei Watch

July 24, 2025

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်က လေပြင်းတိုက်ခတ်ပြီး နေအိမ်အလုံး တစ်ရာနီးပါး ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်ခြင်းဖြစ်ပြီး ပေါင်မြို့ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများပြားကြောင်း ၎င်းတို့ထံမှ သိရသည်။ “အိမ်ကြီး၊ အိမ်ငယ် အကုန်ထိတယ်။ အခြေအနေ တော်တော်ဆိုးပါတယ်။ ထိတဲ့အိမ်တွေကတော့ ခန့်မှန်း အလုံး တစ်ရာလောက်တော့ ရှိမယ်။ စာရင်းပြုစုနေတုန်းပါပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျခြင်း၊ အိမ်ခေါင်မိုး အမိုးလန်ခြင်းအပြင် သစ်ပင်လဲကျတာ၊ ဓာတ်တိုင်လဲကျတာခြင်းများလည်း ဖြစ်ပွားကြောင်း မြို့ခံများက ဆိုသည်။ ပေါင်မြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တစ်လျှောက်တွင်လည်း သစ်ပင်လဲကျခြင်း၊ ဓာတ်တိုက်လဲကျခြင်းကြောင့် ကားလမ်းပိတ်ဆို့မှု […]

ရေးမြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

July 23, 2025

Tiktok လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မယမင်း (ခေါ်) မလင်းလင်းကို ဇူလိုင်လ ၁၈ ရက် ညနေအပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူ့ကို (မယမင်း) Tiktok မှာ လှုံဆော်ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းသွားတယ်လို့တော့ သိထားရတယ်။ လက်ရှိမှာ ရေးရဲစခန်းမှာပဲ ထားထားတယ်။ တရားစွဲထားတယ်လို့လည်း သိရတယ်” ဟု မြို့ခံတစ်ခံတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီကမူ မယမင်းသည် ၎င်းအသုံးပြုသည့် “yaminLove” Tiktok အကောင့်မှတစ်ဆင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် […]

ကျိုက်ထိုတွင် စစ်ဆေးရေးဂိတ်ကို ခရီးသည်တင်ယာဉ် တိုက်မိ၊ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

July 22, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတား စစ်ဆေးရေးဂိတ်ကို ခရီးသည်တင် မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သောကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း မြိုခံများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်က ကျိုက်ထိုမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် အာကာမင်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက ဝင်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “မှန်လုံကားက အရှိန်မထိန်းနိုင်ဘဲ အဲဒီစစ်ဆေးရေးကို ဝင်တိုက်တော့ အဲဒီဂိတ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပါသွားတယ်။ တစ်ဦးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ နောက်တစ်ဦးကလည်း ဒဏ်ရာရသွားတယ်။ ကားပေါ်က ခရီးသည်တွေကတော့ ဘာမှ မဖြစ်ကြဘူး” ဟု ၎င်းက ဆိုသည်။ ယာဉ်ဝင်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်၏ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။ […]

မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေးကိစ္စများ ဆွေးနွေး

Dawei Watch

July 17, 2025

မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) ဦးဆောင်၍ ပြုလုပ်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တွေဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း NRFF ထံမှ သိရသည်။ ယင်းဆွေးနွေပွဲတွင် မွန်အင်အားစုအနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်ကာကွယ်ရေးတက် (MSDF) ၊ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ နှင့် မွန်အမျိုးသမီးအဖွဲ့အစည်းများ ပါဝင် ဆွေးနွေးကြောင်း NRFF ထံမှ သိရသည်။ ထားဝယ်အင်အားစုအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သူများသည် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး တက်ရောက် ဦးရေနှင့် အဖွဲ့အစည်းများကိုမူ လက်တလောတွင် ထုတ်ပြောခွင့် မရှိသေးကြောင်း NRFF […]

မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ပြီး တံတားဖြတ်ချိန် ထပ်တိုးကန့်သတ်

Dawei Watch

July 16, 2025

မွန်ပြည်နယ်၊ မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး တံတား ဖြတ်သန်းချိန်ကိုလည်း ယနေ့ ဇူလိုင်လ ၁၆ ရက်ကစပြီး ထပ်မံတိုးမြှင့်ကန့်သတ်လိုက်ကြောင်း ဖြတ်သန်းသွားလာနေသူများနှင့် မြို့ခံတို့ထံမှ သိရသည်။ သံလွင်တံတား (မော်လမြိုင်) ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တပ်အင်အားများ တိုးချထားပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ညပိုင်းတံတားဖြတ်သန်းခွင့်အချိန်ကိုလည်း ယခင် နံနက် ၅နာရီမှ ည ၉ နာရီအထိ ခွင့်ပြုထားရာမှ ဇူလိုင် ၁၆ ရက်ကစပြီး နံနက် ၆နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ “ဘာကြောင့်လဲတော့ ကျွန်တော်တို့လည်း မသိဘူး။ သူတို့က မဖြတ်ရဘူးဆိုရင် ကျွန်တော်တို့က ဖြတ်လို့မရဘူး။ အခက်အခဲကတော့ […]

မုဒုံမြို့နယ် ကျေးရွာအချို့တွင် မူးယစ်ဆေး၀ါးသုံးစွဲသူများလာပြီး ခိုးမှုလည်း ပိုများလာ

Dawei Watch

July 12, 2025

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့၊ ဖယ်ဒိုး၊ ကော့ပီထောနှင့် တောင်ပ စသည့် ကျေးရွာ တစ်ဝိုက်တွင် စျေးဆိုင်များ၊ အိမ်နှင့် စိုက်ခင်းခြံများ ဖောက်ထွင်း ခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လက မိုးသည်းထန်ရွာနေသည့်အချိန်တွင် ဒူးရင်းသီးများနှင့် မုန့်များ ကာလတန်ဖိုး နှစ်သိန်းကျော် အခိုးခံ လိုက်ရကြောင်း မုန့်နှင့် အသီးအနှံများရောင်းချနေသည့် ဖယ်ဒိုးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သူခိုးတွေက အဖွဲ့လိုက်ဆိုပေမယ့် ခိုးတဲ့အခါ တစ်ကိုယ်တော်ပဲ လှုပ်ရှားတယ်။ သူ့မှာ လက်နက်တစ်ခုခု အထူးသဖြင့် လေးခွ၊ ဓားနဲ့ ပစ္စည်းခိုးတဲ့ အသုံးဝင်ပစ္စည်းတွေနဲ့အတူ လူတွေ အိပ်မောကျတဲ့ ညဥ့်နက်အချိန်နဲ့ မနက်ပိုင်းအချိန်တွေမှာ ဝင်ရောက် ခိုးကြတယ်” ဟု ၎င်းက ဆိုသည်။ ပစ္စည်းခိုးသူများသည် မူးယစ်ဆေး၀ါး စွဲနေသူများဖြစ်ပြီး […]