မိကျောင်းကိုက်ခံရသည့် ကလေး ရှာမတွေ့သေး
diz_admin
July 1, 2020ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စု၊ မနိုးရုံးချောင်းတွင် ရေဆင်းကူး သည့် ကလေးငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး မိကျောင်းရော ကလေးပါ ရှာမတွေ့သေးကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။ မနိုးရုံးချောင်းတွင် ဇွန်လ ၂၂ ရက် နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မိကျောင်း ဆွဲသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်အထိ ရှာဖွေခဲ့သော်လည်း တွေ့ရှိရခြင်း မရှိသေးကြောင်း မနိုးရုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းထွန်းမြင့်သိန်းက ပြောသည်။ “ကျွန်တော်တို့ သုံးရက်ဆက်တိုက် ရှာပြီးပြီ၊ ရှာလို့ မတွေ့သေးပါဘူး။ ဒီနေ့တော့ နားထားပါတယ်” ဟု ၎င်းက ပြောသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနေ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး ချောင်းအတွင်းရေဆင်းကူးကြပြီး လှေဆိပ်နေရာအရောက်တွင် […]


