ကော့သောင်းတွင် တရားခံပြေးထံမှ မူးယစ်ဆေးဖမ်းမိ
diz_admin
August 4, 2020ကော့သောင်းမြို့တွင် တရားခံပြေးထံမှ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ ကော့သောင်းမြို့မရဲစခန်းတွင် ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ထားသည့်အမှုမှ တရားခံပြေးဖြစ်သည့် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားအား ဇူလိုင် လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရာမှ မူးယစ်ဆေး ဖမ်းမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့ အေးမြကန်သာရပ်ကွက်ရှိ တန်းလျားတွင် အဆိုပါတရားခံပြေးရောက်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့ဝင်ရှာရာ တရားခံပြေးကို ဖမ်းမိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်အား ရှာဖွေရာ ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအတွင်း WY စိတ်ကြွဆေး ၁၇၂ ပြားနှင့် ICE မူးယစ်ဆေး ဝ ဒဿမ ၁ ဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ […]


