တံခါးခေါက်သံ ပိုညံလာတဲ့ သဘာဝဘေး
diz_admin
July 28, 2021ပုခက်ထဲအိပ်နေတဲ့ အသက်သုံးလသာရှိသေးတဲ့ မယမင်းသော်တာ တစ်ယောက် အသက်ဆုံးရှုံးသွားရပါပြီ။ ကော့သောင်းမြို့မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းက မယမင်းသော်တာရဲ့ အသက်ကို နုတ်ယူသွားတာပါ။ အဲဒီလေပြင်းတိုက်ခတ်မှုက ကော့သောင်းမြို့ အောင်သုခရပ်ကွက် ကြေးနန်းကွင်းအရပ် ကမ်းသာယာလမ်းမှာ ဇူလိုင်လ ၂၀ ရက် ညနေ ၇ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ငါးဖမ်းပိုက်ချုပ်၊ အဝတ်လျှော် အလုပ်နဲ့ အသက်မွေးနေတဲ့ အသက် ၂၉ နှစ်အရွယ် မခင်ခင်ထားရဲ့ သမီးလေး မယမင်းသော်တာဟာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလွင့်ထွက်သွားရာကနေ အသက်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်မက ကလေးကိုပုခက်လွှဲနေရင်းနဲ့ လေကဝှီးကနဲတိုက်တဲ့အချိန်မှာ ကလေးက အပေါ်ကလွင့်ပါသွားပြီး အောက်ကို ပြန်ပြုတ်ကျလာတာ” မိခင်ဖြစ်သူ မခင်ခင်ထားက ပြောပါတယ်။ လေပြင်းကြောင့် ကလေးရော ပုခက်ပါ ခေါင်မိုးနဲ့အတူ အပေါ်ကိုလွင့်ထွက်သွားပြီး ပြန်ကျလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ကလေးကို […]


