ကော့သောင်းတွင် သွေးကင်ဆာဝေဒနာသည်တစ်ဦး အပါအဝင် ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ
diz_admin
June 11, 2021ကော့သောင်းတွင် သွေးကင်ဆာ ဝေဒနာရှင်တစ်ဦး အပါအဝင် ဒေသခံ အနည်းဆုံး ရှစ်ဦးကို ဇွန်လ ၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမိန့်ချရသည့် အဆိုပါ ပြည်သူရှစ်ဦးတွင် သွေးကင်ဆာဝေဒနာခံစားနေရသည့် အသက် ၂၀ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသင်းနန္ဒာလင်းလည်းပါဝင်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ သင်္ကြန်ကာလက စာရွက်ဝေငှနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး သူမနှင့်အတူ ငါးဦး အဖမ်းခံခဲ့ရကြောင်း မသင်းနန္ဒာလင်း၏ အစ်ကိုဖြစ်သူကပြောသည်။ “ကျွန်တော်ညီမလေးမှာက သွေးကင်ဆာရောဂါ အခံရှိပါတယ်။ နှာခေါင်းသွေးလည်း ခဏခဏလျှံပါတယ်။ သူ့ရောဂါအခံနဲ့ တစ်ခုခုဖြစ်လာရင် အပြည့်အဝ တာဝန်ယူပေးနိုင်မလားဆိုတာ စိုးရိမ်နေတယ်” ဟု ၎င်းကဆိုသည်။ ယင်းအဖမ်းခံလိုက်ရသူငါးဦးတွင် မသင်းနန္ဒာလင်းအပါအဝင် အသက်ပြည့်သူနှစ်ဦးကို ဇွန်လ ၉ […]


