တနင်္သာရီ အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ ငါးရာကျော် လျှောက်ထား
diz_admin
June 21, 2021တနင်္သာရီတိုင်းတွင် အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်ထားသူ ၅၆၂ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ Ph.D ဘွဲ့၊ မဟာဘွဲ့၊ B.A ဘွဲ့၊ B.Sc ဘွဲ့၊ PED ဘွဲ့ရသူများနှင့် ဂုဏ်ထူးတန်းအောင်သူများကို သက်ဆိုင်ရာဘွဲ့အလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ သင်ကြားရေးဆရာ လျှောက်ထားမှုကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနထံမှ သိရသည်။ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လူတွေ့၊ နုတ်ဖြေ၊ ရေးဖြေအင်တာဗျူးများကို လာရောက်ဖြေဆိုသူ ၅၀၀ ဦးရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလုပ်ခန့်တာကတော့ ရုံးချုပ်က စာကျလာတဲ့အချိန်ခန့်မှာပေါ့” ဟု […]


