မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၀ ကျော် ကော့သောင်း ပြန်ပို့
diz_admin
November 29, 2021ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀ ဦးကျော်တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ကျား ၆ ဦးနှင့် ၊ ကလေး ( မ ) ၁ ဦး၊ စုစုပေါင်း ၁၄၃ ဦးတို့ ပါဝင်ကြောင်း FBD ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြသည်။ ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။ ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူတို့အား […]


