ကော့သောင်း၌ ထိုင်းမှပြန်လွှဲပေးသူ ၂၅ဦးတွင် ကိုဗစ်ထပ်တွေ့
diz_admin
August 24, 2022ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၂၅ ဦးတွင် ယနေ့ ကိုဗစ်ပိုးတွေ့ရှိ ကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာနက၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် ၂၅ ဦးတွင် ယနေ့ (ဩဂုတ် ၂၄) ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦး စုစုပေါင်း ရှစ်ဦးတို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းနောက် ကွာရန်တင်းစခန်းရှိ ကျန်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အနက် ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁၉ ဦး […]


