ကော့သောင်း၊ ဝိုင်ဒင်းရွာတွင်တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်မှုရှိ
diz_admin
February 23, 2023ကော့သောင်းခရိုင်၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)က ယနေ့(ဖေဖော်ဝါရီ ၂၃)ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီအင်အား ၁၇၀ ခန့်ဖြင့် ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး ညနေ ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ယင်းနောက်စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွါသွားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့် ကော်သူးလေတပ်ဘက်မှ ရဲဘော်တစ်ဦးလည်း လက်နက်ကြီးအစ ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဝိုင်ဒင်းကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အနီးတည်ရှိပြီး ယင်းရွာအပါအဝင် ရွာသုံးရွာကို […]


