လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့
diz_admin
March 18, 2023ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးပါဝင်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ ”ဒေသခံအချို့လည်းပါတယ်။ နှစ်ဆယ်ရှစ်ဦးရှိတယ်”ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ကော့သောင်းနေ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၈ ဦးပါဝင်ပြီး၊ ကျန် ၁၀၃ ဦးမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှဖြစ်သည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးနောက် […]


