ကော့သောင်းတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
diz_admin
November 15, 2022ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၁၄ ရက်ည ၈ နာရီခွဲဝန်းကျင်က ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အက်ခြံလမ်းကြားတွင် ယာဉ်ထိန်းရဲ စန်းမော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “သေနတ်ပစ်သံ သုံးလေးချက်ပဲကြားရတယ်။ နောက် အရေးပေါ်လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်” ဟု ကော့သောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါပစ်ခတ်မှုကို ကော့သောင်းသမန်းကျားအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က မီဒီယာအချို့တွင် ပြောဆိုထားသည်။ ယာဉ်ထိန်းရဲ စန်းမော်အောင်သည် သေနတ်ကိုင်ဆောင်လေ့ရှိပြီး ယာဉ်ဖမ်းဆီးရာတွင်လည်း အပြောအဆို ရင့်သီးလေ့ရှိကာ ကိုယ်ထိလက်ရောက်မှု ကျူးလွန်တတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ “ပွဲချင်းပီး သေတယ်လို့ကြားရတယ်။ သူကအတော်ဆိုးဆိုးထဲမှာ ပါတယ်” […]


