ကော့သောင်း ဝါတန်းလှေမီးလောင်မှု ဒဏ်ရာရသူ နှစ်ဦးထပ်တိုး၊ စုစုပေါင်းလေးဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး
diz_admin
August 8, 2022ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ဝါတန်းလှေသုံးစီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးထပ်တိုးလာကြောင်း ရှာဖွေကယ်ဆယ်ရေးသမားအချို့ထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၈) ညနေပိုင်း ၄ နာရီအချိန် မေးမြန်းချိန်က တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရှိရပြီး နောက်ပိုင်းဆက်လက်ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရာ နောက်ထပ် ဒဏ်ရာရရှိသူနှစ်ဦး ထပ်မံတွေ့ရှိ ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ သေဆုံးသူမှာ အေးရိပ်ငြိမ်းရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ကိုဇော်လင်းထွန်းဆိုသူဖြစ်ပြီး ရွှေမင်းဝံရပ်ကွက်နေ ဦးအောင်ကျော်မိုး၊ အေးရိပ်ငြိမ်းရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်အရွယ် ကိုပိုင်စိုးတို့မှာ မီးလောင်ဒဏ်ရာ အပြင်း အထန်ရရှိထားကာ အသက်အန္တာရယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။ ယင်းအပြင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်နေ ကိုမိုးဆွေနှင့် သရက်ချောင်းမြို့ခံ (အမည်မသိ) အမျိုးသားတစ်ဦး တွင်လည်း […]


