ကော့သောင်းမြို့နယ်တွင် ညမထွက်ရအချိန်လျော့ချသတ်မှတ်
diz_admin
May 13, 2022ကော့သောင်းမြို့နယ်အတွင်း မေလ ၁၂ ရက်မှစပြီး ညမထွက်ရအချိန်ကို လျော့ချသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ ယခင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရဟု အမိန့်ထုတ်ထားခဲ့ရာ ယခု ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရဟု ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထားဝယ်နှင့် မြိတ်ခရိုင်အတွင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ စစ်ရေးတင်မာနေချိန် ကော့သောင်းမြို့နယ်တွင် ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကော့သောင်းမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တနင်္သာရီတိုင်း ကျန်ဒေသများတွင် ဧပြီလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ကျော်ဖြစ်ပွားခဲ့သည်။ ယင်းအမိန့်သည် မေလ ၁၂ ရက်မစပြီး နှစ်လအထိ အကျုံးဝင်ပြီး လိုအပ်လျှင် နှစ်လပြည့်ပါက နောက်ထပ်အမိန့်တစ်ခု ထပ်ထုတ်ပြန်နိုင်ကြောင်း ကော့သောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက […]


