တာလီဘန်များက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်
Dawei Watch
September 30, 2025အာဖဂန်နစ္စတန် တစ်နိုင်ငံလုံး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အင်တာနက် သုံးမရတော့ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကျင့်ဝတ်ပျက်ပြားမှုကို တိုက်ဖျက်ရန် အင်တာနက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု တာလီဘန်အစိုးရက ကတိပြုကြေညာခဲ့ပြီးနောက် ယင်းသို့ နိုင်ငံအနှံ့ အင်တာနက်ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းကြောင့် ပိုမိုတင်းကျပ်ဖိနှိပ်လာသည့် တာလီဘန်အုပ်ချုပ်မှုအောက်မှ အာဖဂန်နစ္စတန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကမ္ဘာနှင့် အဆက်ပြတ်မည့်အရေး စိုးရိမ်မှုများ ကြီးထွားလာသည်။ တနင်္လာနေ့ညပိုင်းတွင် အာဖဂန်နစ္စတန်ရှိ ကွန်ရက်တော်တော်များ ပြတ်တောက်သွားခဲ့ကာ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပါ ထိခိုက်မှုရှိခဲ့ကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က ပြောသည်။ ယင်းကြောင့် လူဦးရေ ၄၃ သန်း နေထိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံတွင် အင်တာနက်လုံးဝပြတ်တောက်မှု ဖြစ်ပွားနေကြောင်း Netblocks အဖွဲ့က ပြောသည်။ ပြည်တွင်းရှိ ၎င်းတို့၏ မိသားစုများထံ […]


