ဆူဒန်လက်နက်ကိုင် ခေါင်းဆောင်ဟောင်းတစ်ဦးကို စစ်ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း ICC ဆုံးဖြတ်
Dawei Watch
October 7, 2025နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်(Janjaweed) လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း အောက်တိုဘာလ ၆ ရက်နေ့က ဆုံးဖြတ်လိုက်သည်။ ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်လက်နက်ကိုင်ခေါင်းဆောင် Ali Muhammad Ali Abd-Al-Rahman သည် မုဒိမ်းမှု ၊ လူသတ်မှုနှင့် ဖိနှိပ်အနိုင်ကျင့်မှု အပါအဝင် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်ပေါင်း ၂၇ ခုတွင် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်၂၀ ကျော်က ဆူဒန်နိုင်ငံ ၊ ဒါဖာဒေသတွင် ၎င်းကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများအတွက် တရားရုံးက ယင်းသို့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ အပြစ်ဒဏ်ကိုမူ နောက်ထပ်ကြားနာမှုများ […]


