ပြင်သစ် မြို့ပေါင်း နှစ်ရာကျော်တွင် ဆန္ဒပြပွဲ
Dawei Watch
October 3, 2025ပြင်သစ်နိုင်ငံအနှံ့က မြို့ကြီး၊ မြို့ငယ် နှစ်ရာကျော်တွင် အောက်တိုဘာလ ၂ ရက်က လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ အစိုးရအသုံးစရိတ်လျှော့ချမှုကို ဆန့်ကျင်ကြောင်း ပြသကာ လူချမ်းသာများအပေါ် အခွန်တိုးကောက်ပေးရေး တောင်းဆိုသည့်အနေဖြင့် ယင်းသို့ ပြည်လုံးကျွတ်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်လက်ထက်က အစိုးရအသုံးစရိတ်မူကြမ်းတွင် လူမှုဖုံလှုံရေးထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနှင့် ခြိုးခြံချွေတာရေးအစီအမံများ ပါဝင်ပြီး လစာနိမ့်အလုပ်သမားများနှင့် လူလတ်တန်းစားအလုပ်သမားများ၏ ဝယ်ယူ စားသုံးနိုင်စွမ်းကို ပိုအားနည်းသွားစေလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရလျက် ရှိသည်။ ဝန်ကြီးချုပ်သစ် Sébastien Lecornu အနေဖြင့် ယခင်ဝန်ကြီးချုပ် အဆိုပြုခဲ့သည့် အစိုးရအသုံးစရိတ်မူကြမ်းကို စွန့်လွှတ်ရန် အလုပ်သမားသမဂ္ဂများက ပြင်းပြင်းထန်ထန် တိုက်တွန်းလျက် ရှိသည်။ ကြာသပတေးနေ့တွင် မြို့တော်ပဲရစ်၌ အလုပ်သမားများ၊ ပင်စင်စားများနှင့် ကျောင်းသားများ ထောင်ပေါင်းများစွာ စုဝေးချီတက်ခဲ့ကြရာ ကမ္ဘာကျော် အီဖယ်မျှော်စင်ကိုလည်း ဆန္ဒပြပွဲများကြောင့် ပိတ်ထားလိုက်ရသည်။ […]


