အပစ်ရပ်သဘောတူညီချက်ကို မလေးစားလျှင် တိုက်ခိုက်မှု ပြန်စမည်ဟု အစ္စရေး ခြိမ်းခြောက်
Dawei Watch
October 16, 2025ဂါဇာစစ်ပွဲကို ရပ်တန့်စေခဲ့သည့် အမေရိကန်ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်များကို ဟားမတ်စ်က လိုက်နာခြင်းမရှိပါက တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးရုံး၏ အဆိုပါ ထုတ်ပြန်ချက်သည် သေဆုံးသွားသော အစ္စရေးဓားစာခံနှစ်ဦး၏ ရုပ်အလောင်းများကို ဟားမတ်စ်က ထပ်မံလွှဲပြောင်းပေးအပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာမြို့အပျက်အစီးများကြားမှ နောက်ထပ်အလောင်းများကို အထူးကိရိယာများမပါဘဲ ထပ်မံရှာဖွေထုတ်ယူနိုင်မည် မဟုတ်ကြောင်း ဟားမတ်စ်ကပြောဆိုလိုက်ပြီး ယခုလွှဲပြောင်းသည့် အလောင်းနှစ်လောင်းမှာ အစ္စရေးဘက်သို့ လွှဲပြောင်းပေးမည့် နောက်ဆုံး ဓားစာခံများဖြစ်မည်ဟုလည်း ပြောကြားလိုက်သည်။ “ဟားမတ်စ်ဘက်က အပစ်ရပ်သဘောတူညီချက်ကို လိုက်နာဖို့ ငြင်းဆန်ရင် အစ္စရေးက အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေကို ပြန်စတင်ပါမယ်။ ဂါဇာက မြေပြင်အခြေအနေကို ပြောင်းလဲပစ်ပါမယ်။ စစ်ပွဲရဲ့ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်” ဟု အဆိုပါ […]


