ဖိလစ်ပိုင်ဆန္ဒပြပွဲအတွင်း လူ ၂၀၀ ကျော် အဖမ်းခံရ
Dawei Watch
September 22, 2025ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် အစိုးရအကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း လူပေါင်း ၂၀၀ ကျော် အဖမ်းခံထားရပြီး လူ ၅၀ ဝန်းကျင် ဆေးရုံတင်ထားရကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစီမံကိန်းများကို အစိုးရက အမှန်တကယ် မလုပ်ဆောင်ဘဲ လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုကြောင့် အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဆန္ဒပြသူများဘက်က စွပ်စွဲကာ တနင်္ဂနွေနေ့က မြို့တော်မနီလာတွင် လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲအတွင်း ရဲများနှင့် ဆန္ဒပြသူများအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများ ၊ မိုလိုတော့ဗ်မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ လူ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး အနည်းဆုံး ၄၆ […]


