ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်
diz_admin
December 22, 2022မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်က ကုလလုံခြုံရေးကောင်စီတွင် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာ”ဟု ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောဆိုကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။ လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို […]


