အိုစာမင်းစာ စုထားတဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ငွေလိမ်ခံလိုက်ရတဲ့ အူစိန်ဘော့တ်၊ စာရင်းထဲ ဒေါ်လာ ၂,၀၀၀ သာ ကျန်ခဲ့
diz_admin
January 18, 2023ကမ္ဘာကျော် ဂျမေကာ တာတိုအပြေးသမား အူစိန်ဘော့တ် ဟာ ကစားသမားဘဝက အနားယူပြီးချိန် အိုစာမင်းစာအတွက် စုဆောင်းထားတဲ့ သူ့ရဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အလိမ်ခံလိုက်ရတဲ့အတွက် အရမ်းကို စိုးရိမ်သောကများနေတယ်လို့ သိရပါတယ်။ ဂန္ထဝင်အပြေးသမား အူစိန်ဘော့တ် ဟာ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဆီမှာ အဲ့ဒီငွေတွေကို နောင်အနာဂတ် အိုစာမင်းစာအတွက် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး သူ့အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ မျှော်လင့်ထားတဲ့ငွေတွေ မရရှိဘဲ အပြီးသတ် ဆုံးရှုံးသွားမှာကို အူစိန်ဘော့တ်က စိတ်ပူနေပြီလို့ ဆိုပါတယ်။ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဟာ အဲ့ဒီလို ငွေလိမ်ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အူစိန်ဘော့တ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဆီ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပေးပို့လိုက်တာဖြစ်ပြီး Stocks and […]


