စတိဗ်ဂျော့စ် စီးခဲ့သည့် ကွင်းထိုးဖိနပ် ဒေါ်လာနှစ်သိန်းကျော်ဖြင့် လေလံတင်ရောင်းချ
diz_admin
November 26, 2022Apple ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့ရာ စတိဗ်ဂျော့စ် ၏ ကယ်လီဖိုးနီးယားရှိနေအိမ်သည် သမိုင်းဝင်နေရာ တစ်ခု ဖြစ်လျက်ရှိကာ၊ အဆိုပါ အိမ်ထဲတွင် စီးခဲ့သည့် ကွင်းထိုးဖိနပ်ကို ဒေါ်လာ နှစ်သိန်းကျော် (၂သိန်း၁သောင်း၈ထောင်) ဖြင့် လေလံတင်ရောင်းချခဲ့ရသည်။ ၁၉၇၀ ကာလများက စတိဗ်ဂျော့စ် စီးခဲ့သော အဆိုပါ အညိုရောင်ဖိနပ်သည် ကွင်းထိုးဖိနပ်များ လေလံတင်ရာ၌ အမြင့်ဆုံးစျေးရရှိသွားခြင်း ဖြစ်သည်ဟု Julien’s Auctions လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ နှစ်ပေါင်းများစွာ အိမ်တွင်း စီးထားသည့် ဖိနပ်ဖြစ်သည့်အတွက် ဖိနပ်တွင် စတိဗ်ဂျော့စ် ၏ ခြေရာထင်နေကြောင်း လေလံကုမ္ပဏီက ထုတ်ပြန်ထားသည်။ အဆိုပါ ကွင်းထိုးဖိနပ်အဟောင်းကို ဒေါ်လာ (၆သောင်း) ရရှိရန် ခန့်မှန်းထားခဲ့ပြီး နောက်ဆုံး ရောင်းစျေးက ဒေါ်လာ (၂၁၈၀၀၀) အထိ ရရှိခဲ့ခြင်း ဖြစ်သည်။ […]


