သရက်ချောင်း ရန်တောင်နှင့် သင်းကျွန်းရွာတွင် စစ်အာဏာရှင်တပ်သားရာချီ ဝင်ရောက်တပ်စွဲ
Dawei Watch
September 24, 2025သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က အင်အားတစ်ရာကျော် ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ဘက်မှ ဆင်းလာသည့် စစ်အာဏာရှင်တပ်သားများက စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲထားပြီး ဘုန်းကြီးကျောင်းနှင့် လူမရှိသည့် နေအိမ်များတွင် စခန်းချနေထိုင်နေကြကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင်မူ ရန်တောင်ရွာခံများကို အစည်းအဝေးခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ရန်တောင်ရွာခံတစ်ဦးက ဆိုသည်။ “သူတို့ကို လာပစ်ရင် တစ်ရွာလုံး မီးပြန်ရှို့မယ်ဆိုပြီး အစည်းအဝေးသွားတဲ့ ပြည်သူတွေကို ပြောလိုက်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါစစ်အာဏာရှင်တပ်သားများက စက်တင်ဘာလ ၂၃ ရက်ညနေအထိ တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ် […]


