အသက် ၈နှစ်ကျော်အရွယ် မိန်းကလေးအား အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သည်ဆိုသူကို ဖမ်းဆီး
Dawei Watch
September 26, 2025လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုက အသက် ရှစ်နှစ်နှင့် ခြောက်လအရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထားကြောင်း ပလဖထံမှ သိရသည်။ မုဒိမ်းကျင့်သူ အမျိုးသားမှာ အသက် ၅၀ အရွယ် ဦးဇော်ဇော် ဆိုသည့် အိမ်ထောင်ရှင်အမျိုးသားဖြစ်ပြီး ပြုကျင့်ခံရသူ မိန်းကလေး၏ မိဘတို့နှင့် ဆွေမျိုးသဖွယ် ရင်းနှီးသူဖြစ်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၃ရက်က ဦးဇော်ဇော်သည် အိမ်သို့ရောက်လာပြီး ကင်းပွန်းချဉ်ရွက် ခူးရန်ဟုဆိုကာ မိန်းကလေးငယ်အား ခေါ်ဆောင်သွားကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။ နေအိမ်သို့ ပြန်ရောက်လာသောအခါ မိန်းကလေးငယ်မှာ အမူအယာ ပျက်နေသဖြင့် မိခင်ဖြစ်သူက မေးမြန်းရာမှ ဦးဇော်ဇော်က မုဒိမ်းအကြိမ်ကြိမ် ကျင့်ထားသည့်ကိစ္စ ပေါ်လာခြင်းဖြစ်ကြောင်း […]


