ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အစီရင်ခံစာ အတိုင်ပင်ခံရုံး ပို့မည်

diz_admin

March 3, 2020

ထိုင်း- မြန်မာနယ်စပ်ရှိ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တင်ပြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးကုန်သွယ်ရေးစခန်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ၏ တင်ပြချက်၊ အကြံပြုချက်များ အပါအဝင် ကွင်းဆင်းတွေ့ရှိချက်များကို မကြာမီအစီရင်ခံစာတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအစိုးရက ထီးခီးကုန်သွယ်ရေး စခန်းကွင်းဆင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေ သည်။ “ဌာနအသီးသီးရဲ့ လိုအပ်ချက်နဲ့ သူတို့တင်ပြချက်တွေ အားလုံးယူပြီး တော့မှ အစည်းအဝေးလုပ်ပြီး အကြံပြုချက်တွေရေးပြီး တင်ရမှာ”ဟု ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်း ကို အပြည်ပြည်ဆိုင်ရာ ဂိတ်စခန်း တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊ မြေယာစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ […]

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ်သက်သေ ကိုးဦး စစ်ရန်ကျန်

diz_admin

March 3, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ်သက်သေ ကိုးဦးကို စစ်ဆေးရန် ကျန်ရှိကြောင်း တိုင်းတရား လွှတ်တော် ရုံးထံမှ သိရသည်။ အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ ၏ ရှေ့နေများက တင်ပြထားပြီး ဖေဖော်ဝါရီလ ၂၅ ရက်အထိ ၁၃ ဦးကို စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။ “ပယ်ခဲ့တာကတော့ နှစ်ဦးဖြစ် ပြီးတော့ စစ်ဆေးရန် ကျန်ရှိတာကတော့ ကိုးဦး ရှိပါတယ်” ဟု ဦးဇော်မင်းနိုင်က ပြောသည်။ ပြန်ခေါ်သက်သေအဖြစ်မှ တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့နှစ်ဦးကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ […]

မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

diz_admin

March 3, 2020

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို မတ်လ ၁၁ ရက်တွင် ထားဝယ် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဗုဒ္ဓကောလိပ်ရုံးခန်း အပေါ်ထပ်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယ အပတ်မှစ၍ သင်တန်းသားခေါ်ယူနေပြီ ဖြစ်ကြောင်း CCFL မှ မန်နေဂျင်းဒါရိုက်တာ ကိုနေရာမင်းခန့်က ပြောသည်။ အသက် ၁၄ နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး မတ်လ ၃ ရက်တွင် သင်တန်း Fသမာ ဖြည့်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ မိုးမြင့်

သောက်သုံးရေ အခက်အခဲရှိက ကျေးလက်ဌာနနှင့် ဇမ္မူသီရိအဖွဲ့တို့ထံ အကူအညီတောင်းပါ

diz_admin

March 3, 2020

ထားဝယ်ခရိုင်အတွင်းရှိ အချို့ ကျေးရွာများတွင် သောက်သုံးရေစတင် ရှားပါလာနေပြီး သောက်သုံးရေ အခက် အခဲရှိသော ကျေးရွာများကို တိုင်းကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့် ဇမ္ဗူသီရိအဖွဲ့တို့က ကူညီပေးရန်အတွက် အဆင့်သင့်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ရေရှားနိုင်သည့် ကျေးရွာ ၁၄ ရွာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနက အခမဲ့ ရေပေးဝေရန် ရန်ပုံငွေ သိန်းခုနှစ်ဆယ်ကျော် လျာထား ပြီး ဇမ္ဗူသီရိအဖွဲ့ကလည်း ထားဝယ်မြို့ အနီးအနားရှိ ကျေးရွာများ ရေအခက်အခဲ ရှိက ရေလှူပေးရန် ကားနှင့်ရေအဆင် သင့်ပြင်ထားကြောင်း ပြောဆိုသည်။ လက်ရှိတွင်မူ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံ ရေရှားပါး ကြောင်း ဆက်သွယ်လာသည့် ကျေးရွာ မရှိသေးသော်လည်း ဇမ္ဗူသီရိအဖွဲ့ထံမှ ထားဝယ်မြို့နှင့် အနီးနားရှိ နေရာ ၁၄ ခုက ရေလာရောက်လှူဒါန်းပေးရန် […]

ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်

diz_admin

March 3, 2020

ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက် အခြေခံ ပညာဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ညွှန်ကြားထား ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ် သူခန့်ထားရာတွင် အနည်းဆုံးအဆင့် BE.d ပညာရေးဘွဲ့ရရှိထားသူ၊ အငြိမ်းစား အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပညာရေးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးများ စသဖြင့် ပညာရေးဘွဲ့ရရှိ ထားသူများကို ခန့်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်စိုးက ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်ပိုင်ကျောင်းများမှာ စတင်တည်ထောင်စဉ်ကတည်းကပင် တိုင်းပညာရေးမှူးရုံးမှ […]

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင်ကို ၆၆(ဃ)ဖြင့် တရားစွဲ

diz_admin

March 3, 2020

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန် သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဖေဖော်ဝါရီလ ၂၇ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုထားကြောင်း တနင်္သာရီမြို့မရဲစခန်း နှင့် ကာယကံရှင်တို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေတို့နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းအား Phyu Myo ဖေ့စ်ဘွတ် အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်ပေါ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်က ဖော်ပြဖြန့်ဝေခဲ့ကြောင်း တနင်္သာရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက ပြောပြသည်။ ယင်းကြောင့် လွှတ်တော်ကိုယ်စား လှယ်တို့၏ ကိုယ်စားလှယ်လွှဲစာဖြင့် တရားလိုပြုလုပ်ကာ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း […]

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

diz_admin

February 26, 2020

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။ ယင်းသို့ နောက်ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြန်လည်ရရှိသည့် အချိန်ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ရရှိမှုတန်ဖိုး(Time Value Of Money) လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ လ ၂၉ ရက်စွဲဖြင့် ဖြန့်ဝေသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ လျော့နည်းနစ်နာခဲ့ရသည့် ငွေ အမေရိကန်ဒေါ်လာ ၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာသည် လက်ရှိကာလပေါက် ဈေးနှင့်ဆိုက မြန်မာငွေ […]

နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ

diz_admin

February 26, 2020

ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ရရှိသွားခြင်း ဖြစ်သည်။ ထားဝယ်နည်းပညာ တက္ကသိုလ် အသင်းက ပထမပိုင်း ပွဲကစားချိန် ကတည်းက နှစ်ဂိုးအသာဖြင့် ဦးဆောင် နေခဲ့ရာမှ ဒုတိယပိုင်း ပွဲကစားချိန်တွင် ချေပဂိုးနှစ်လုံး အသွင်းခံလိုက်ရသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှ အနိုင် ရရှိသွားခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ လ ၂၂ ရက်က ထားဝယ်မြို့ တိုင်းအား ကစားကွင်းတွင် […]