ကိုရိုနာပိုးထိ လုပ်ငန်းများကို အစိုးရငွေထုတ်ချေးမည်
diz_admin
April 8, 2020အချို့လုပ်ငန်းများနှင့် အလုပ်လက်မဲ့ လက်လုပ်လက်စားများအတွက် အစီအစဉ် ဝေးနေဆဲ ကိုရိုနာရောဂါပိုး ဂယက်ကြောင့် ထိခိုက်သော လုပ်ငန်းများကို အစိုးရက ငွေထုတ်ချေးမည် ဆိုသော်လည်း တနင်္သာရီတိုင်းအတွင်းမှ အချို့လုပ်ငန်း များနှင့် လက်လုပ်လက်စားများအတွက် အခွင့်အလမ်း ဝေးနေဆဲ ဖြစ်သည်။ ကိုရိုနာ ရောဂါပိုးဂယက်ကြောင့် ထိခိုက်မှု၊ သက်ရောက်မှုရှိသော စီးပွား ရေးလုပ်ငန်းများအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေထုတ်ချေးရန် အစိုးရနှင့် ကုန်သည် စက်မှုအသင်းတို့ ပူးပေါင်းပြင်ဆင်လျက်သည်။ “COVID-19 နဲ့ ပတ်သက်ပြီး ထိခိုက်အများဆုံး ဖြစ်နိုင်မှာ ဖြစ်တဲ့ SME လုပ်ငန်းနဲ့ ပတ်သက်ပြီး ချေးငွေ ကို ထုတ်ချေးပေးသွားဖို့ဆိုတဲ့ကိစ္စက နိုင်ငံတော်က မူဝါဒတစ်ရပ်အနေနဲ့ ချမှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ”ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက […]


