အလုပ်မဆင်း ဆန္ဒထုတ်ဖော်သည့် ဝန်ထမ်းအချို့ ဖိအားပေးခံနေရ
diz_admin
February 15, 2021အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းတို့အား အကြီးကဲအချို့က ဖိအားပေးခံနေရကြောင်း ဝန်ထမ်းအချို့ က ဖွင့်ဟကြသည်။ ဝန်ထမ်းအိမ်ရာတွင်နေထိုင်ပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းများကို စာရင်းကောက်နေကြောင်း ထားဝယ်သပိတ်တွင် ပါဝင်ဆန္ဒ ထုတ်ဖော်နေသည့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လတ်တလောတွင် ဝန်ထမ်းအိမ်ရာ မှာထွက်ခွာစေခြင်း မရှိသေးသော်လည်း စာရင်းကောက်နေသည်ကို ထောက်ရှခြင်းအားဖြင့် မကြာမီထွက်ပေးရတော့ မည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်က ထားဝယ် သပိတ်စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းဆန္ဒထုတ်ဖော်ပြီး ဟောပြောခဲ့ သည့် ထွေအုပ်ဝန်ထမ်းဖြစ်သူ ဦးကျော်ဆန်းလွင် ကိုလည်း အလုပ်မှယာယီရပ် နားခြင်းခံလိုက်ရသည်။ ဦးကျော်ဆန်းလွင်သည် ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ စာရေး (ထွေ/အုပ် အငယ်တန်းစာရေး) တစ်ဦး ဖြစ်သည်။ အာဏာရှင်အုပ်ချုပ်မှုအောက်တွင် […]


