ရွေးကောက်ပွဲအသုံးစရိတ် မတင်သေးသူ သုံးပုံတစ်ပုံကျန်
diz_admin
December 7, 2020ရွေးကောက်ပွဲအသုံးစရိတ် နောက်ဆုံး တင်သွင်းရန် တစ်ပတ်သာကျန်တော့ သည့်အချိန်အထိ တနင်္သာရီတိုင်းတွင် အသုံးစရိတ်စာရင်းတင်သွင်းရန်ကျန်နေသူ ၈၀ နီးပါး(သုံးပုံတစ်ပုံ)ကျန်နေသေးကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်သူများအားလုံး (တနင်္သာရီတိုင်း တွင် ၂၂၆ ဦး) သည် အနိုင်ရ ကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာသည့်နေ့ (နိုဝင်ဘာလ ၁၁ ရက်) မှ တစ်လအတွင်း ရွေးကောက်ပွဲမယ်ဆွယ်ကာလအတွင်း အသုံးပြုခဲ့သော အသုံးစရိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်များထံ တင်ပြကြရမည်ဖြစ် သည်။ ဒီဇင်ဘာလ ၄ ရက်က ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သုံးဖွဲ့အား ဆက်သွယ်မေးမြန်းကြည့်ရာ ထားဝယ် ခရိုင်တွင် ၇၀ ဦး၊ မြိတ်ခရိုင်တွင် ၆၀ ကျော်၊ ကော့သောင်းခရိုင်တွင် ၁၇ […]


